လက်နက်ကြီး (၄) ပါး

၁။ သိကြားမင်း၏ ဝရဇိန်လက်နက် - မြင်းမိုရ်တောင်ထိပ်က ပစ်ချသော် တစ်သိန်း ခြောက်သောင်း ရှစ်ထောင် အစောက်ရှိသော မြင်းမိုရ်တောင်ကို ဖောက်၍ အောက်သို့ ကျနိုင်၏။
၂။ ဝေဿဝဏ်နတ်မင်း၏ ရှားလှံကန်လက်နက် - ပစ်လိုက်သော် တစ်ထောင်မကသော ကုမ္ဘဏ်ဘီလူးတို့သည် အိုးခင်းပူတွင်ထည့်သော မုန်ညင်းစေ့ကဲ့သို့ ဖျစ်ဖျစ်မည်၍ ကြေလေ၏။
၃။ ယမမင်း၏ မျက်စောင်းလက်နက် - တစ်ထောင်မကသော ကုမ္ဘဏ်ဘီလူးတို့သည် အိုးခင်းပူတွင် ထည့်သော မုန့်ညင်းစေ့ကဲ့သို့ ဖျစ်ဖျစ်မည်၍ ကြေလေ၏။
၄။ အာဋ္ဌာဝက ဘီလူး၏ ကိုယ်ရုံ ဘွဲ့ဖြူ ပုဆိုးလက်နက် - ၎င်းကိုချွတ်၍ ကောင်းကင်သို့ ပစ်သော် တစ်ဆယ့်နှစ်နှစ်ပတ်လုံး မိုးမရွာ၊ မြေတွင် ပစ်သော် တစ်ဆယ့်ခြောက်နှစ်ပတ်လုံး သစ်ပင်မပေါက်၊ သမုဒ္ဒရာသို့ ပစ်သော် အိုးခင်းပူတွင် ဖျန်းသော ရေကဲ့သို့ ခန်း၏။ မြင်းမိုရ်တောင်ကို ပစ်သော် အတုံးတုံး ပြတ်ကြေနိုင်၏။
(ကလျာဏကရီကျမ်းမှ)