ဘုရားဖြစ်ခါနီး မြင်မက်သော အိပ်မက်ကြီး (၅) ပါး

၁။ စကြဝဠာတိုက်အညီ မဟာပထဝီမြေကြီး ပြည့်တက်လာပြီးလျှင် ကျက်သရေမင်္ဂလာ မဟာသယနခေါ် စက်တော်မူရာ ရတနာသလွန် ဖြစ်လာသည်ဟု မြင်တော်မူခြင်း။၎င်းကား ဘုံသုံးပါးတို့တွင် ဘုရားဖြစ်တော့မည့် ပုဗ္ဗနိမိတ်။
၂။ ထိုရတနာသလွန်ထက် ကောင်းကင်သို့ မျက်နှာပြုလျက် စက်တော်မူရာ ရွှေထွန်တုံးမျှ ပင်လုံးရှိသော နေဇာမြက်သည် ချက်တော်မှ ကောင်းကင်အထိ အဆင့်ဆင့် မြင့်တက်လာသည်ဟု မြင်မက်တော်မူခြင်း။ (၎င်း ကား အထက်ဗြဟ္မာပြည်အထိ တရားဩဇာအာဏာတန်ခိုး လွှမ်းနိုင်ခြင်း၏ ပုဗ္ဗနိမိတ်)။
၃။ ဦးမည်းကိုယ်ဖြူ ပိုးဟပ်သမျှ ခြေမှတက်၍ ပုဆစ်ဒူးဝန်းအထိ ဖုံးလွှမ်းလာသည်ဟု မြင်မက်တော်မူခြင်း။ (၎င်းကား ကေသာမပယ် စင်ကြယ်ဖြူဆွတ် လူဝတ်ရှိသူတို့ သရဏဂုံ ယူလာခြင်း နိမိတ်။
၄။ ညို၊ ရွှေ၊ နီ၊ ဖြော့၊ အဆင်းလေးပါးဖြင့် ငှက်လေးကောင်တို့သည် လေးမျက်နှာက ကောင်းကင်ခရီးမှ အသီးသီးပြန်လာကြပြီးလျှင် ခြေရင်း၌ ခစားသည်နှင့် တစ်ပြိုင်နက် ဆွတ်ဆွတ်ဖြူ အဆင်းတူ ဖြစ်လာကြသည်ဟု မြင်မက်တော်မူခြင်း။ (၎င်းကား အမျိုးလေးပါးတို့သည် ဘုရားသာသနာတော်သို့ ရောက်မူ နိဗ္ဗာန်ပေါက်သူ တူခြင်း ပုဗ္ဗနိမိတ်)။
၅။ သုံးယူဇနာမြင့်တက်သော ဘင်တောင်ကြီးအထက်၌ ဘင်ဖြင့် မလိမ်းကျံဘဲ စင်္ကြံသွားရသည်ဟု မြင်မက်တော်မူခြင်း။(၎င်းကား ကာမဂုဏ်အဝင် လေးအင်သော ပစ္စည်းရပ်ကို ငြိကပ်ရင်း ကိလေသာကင်း၍ သုံးဆောင်တော်မူခြင်း ပုဗ္ဗနိမိတ်)။