နောင်တ တရားကြီး (၁၀) ပါး သို့မဟုတ် ကုက္ကုစ္စ (၁၀) ပါး

၁။ ငယ်ရွယ်စဉ်အခါကပစ္စည်းမရှာခဲ့မိ၍အိုမင်းရင့်ရော်နောင်သောအခါမှ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာရခြင်း။
၂။ ငယ်ရွယ်စဉ်က ပညာသင်ကြားရန် အခွင့်အရေးရပါလျက် ပညာကိုမသင်ဘဲဆိုးပေတေကာ ကျောင်းပြေးလုပ်၍ နောင်ခါမှအသက်မွေးမှု မပြည့်စုံခြင်းကြောင့် နောင်တကြီးစွာရခြင်း။
၃။ ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့် ရန်တိုက်ပေးခဲ့မိသောကြောင့် သေရာညောင်စောင်း လဲလျောင်းမိသောအခါ ငါပြုခဲ့မိသော မှားလေခြင်းဟု နောင်တကြီးစွာရခြင်း။
၄။ သတ္တဝါများအား သနားမဖက်ရက်စက် ကြမ်းကြုတ်စွာ သတ်ခဲ့မိခြင်းကြောင့် သက်ရွယ်ကြီးရင့်လာသောအခါ ယူကြုံးမရဖြစ်ကာ နောင်တကြီးစွာရခြင်း။
၅။ မသွားလာအပ်သောသူ့မယားနှင့်သမီးများကို သွားလာပေါင်းသင်းဖျက်ဆီးမိခြင်းကြောင့် မိမိသားသမီးများရလာပါက နောင်တတဖန် ပူပန်ရခြင်း။
၆။ များစွာသော ပစ္စည်းဥစ္စာ ဂုဏ်အင်္ဂါနှင့် ပြည့်စုံခဲ့ပါလျက် ဒါနတည်းဟူသော လှူဒါန်းပေးကမ်းရန် သတိမရဘဲ မွဲပြာကျကာမှ ငါမလှူခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာရခြင်း။
၇။ မိအို ဖအိုမျာကို ကျွေးနိုင်မွေးနိုင်ဥစ္စာအင်အားရှိပါလျက် အသက်ထင်ရှားရှိစဉ်၌ ကျွေးမွေးရန် သတိမရဘဲ သေလွန်သွားပါမှ ငါမကျွေးခဲ့မိတာ မှားလခြင်းဟု နောင်တကြီးစွာရခြင်း။
၈။ မွေးသည့်မိခင်ဖခင် ကျေးဇူးရှင်တို့အား မထေမဲ့မြင် ပြုခဲ့ပြောခဲ့မိသောကြောင့် နောင်သောအခါမှ ရင်ထုမနာ ဖြစ်ရခြင်း။
၉။ သီလ သမာဓိ ပညာနှင့် ပြည့်စုံသော ရဟန်းကောင်း ရဟန်းမြတ်လူပုဂ္ဂိုလ်များ ရှိပါလျက် မဆည်းကပ်မကိုးကွယ်မိခြင်းကြောင့် နောင်တကြီးစွာရခြင်း။
၁၀။ ငြိမ်သက်သောအကျင့် ခြိုးခြံသောအကျင့်သည် ကောင်း၏ဟု သူတော်ကောင်းများ ဟောကြားခဲ့ပါလျက် တွေဝေသည့်အတွက် မကျင့်ကြံခဲ့မိသောကြောင့် အခါနှောင်းကာမှ နောင်တကြီးစွာရခြင်း။
(မဟာဇနကဇာတ်)