ရဟန်းကောင်းတို့၏ အသွင်မူရာဂုဏ် (၂၂) ပါး

၁။ သေက္ခပုဂ္ဂိုလ်ဟု ထင်မှတ်ခြင်း၊
၂။ ရဟန္တာဟု ထင်မှတ်ခြင်း၊
၃။ အရိယတို့နှင့် တူသော အကျင့်ရှိခြင်း၊
၄။ တူသောနေထိုင်ခြင်း ရှိခြင်း၊
၅။ တူသော ဣန္ဒြေရှိခြင်း၊
၆။ တူသော ဆင်းရဲခြင်း ရှိခြင်း၊
၇။ တူသော သည်းခံခြင်း ရှိခြင်း၊
၈။ တစ်ကိုယ်ထီးတည်း အကျင့်ရှိခြင်း၊
၉။ တစ်ကိုယ်ထီးတည်း မွေ့လျော်ခြင်း၊
၁၀။ တစ်ယောက်ထီးတည်း ကျိန်းအောင်းခြင်း၊
၁၁။ မကောင်းမှုမှ ရှက်ခြင်း၊
၁၂။ မကောင်းမှုမှ လန့်ခြင်း၊
၁၃။ သဓမ္မ အကျင့်ကို အားထုတ်ခြင်း၊
၁၄။ ကုသိုလ်၌ မမေ့လျော့ခြင်း၊
၁၅။ သုက်လွှတ်ခြင်း ကာမမှ ဖဲကြဉ်ခြင်း၊
၁၆။ ပါဠိကို သင်ယူခြင်း၊
၁၇။ အဋ္ဌကထာသင်ယူခြင်း၊
၁၈။ သီလ သမာဓိ ပညာဂုဏ်တို့၌ မွေ့​လျော်ခြင်း၊
၁၉။ ကင်းသော တပ်မက်မှုရှိခြင်း၊
၂၀။ သိက္ခာပုဒ်တော်ကို ဖြည့်ကျင့်ခြင်း၊
၂၁။ ဖန်ရည်စွန်းသော သင်္ကန်းကို ဆောင်ခြင်း၊
၂၂။ ဦးပြည်း ဦးခေါင်းရှိခြင်း။