၁။ စိတ္တနိယာမ - စိတ်တို့၏ အစဉ်အတိုင်း ရှေ့စိတ်နောက်စိတ် ဖြစ်ပွားသော သဘောတရား၊
၂။ ကမ္မနိယာမ - ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ ကံနှင့်အလားတူစွာ ကမ္မဝိပါက်တရား ချမ်းသာဆင်းရဲတို့ ဖြစ်ပွားခြင်းသဘော၊
၃။ ဗီဇနိယာမ - သစ်စေ့၊ သစ်ညွန့်စသည်တို့၏ မူလမျိုးရိုးပင်ရင်းနှင့် အလားတူစွာ ပေါက်ခြင်းသဘော၊
၄။ ဥတုနိယာမ - ဆောင်နွေမိုး ဥတုတို့၌ နှင်းကျခြင်း၊ ပူအိုက်ခြင်း၊ မိုးလည်းရွာခြင်းစေသော အစဉ်မပြတ် အလားတူ ဖြစ်ခြင်းသဘော၊
၅။ ဓမ္မနိယာမ - ရေတို့၏ နိမ့်ရာသို့ စီးဆင်းခြင်း၊ သစ်ညွန့်တို့၏ ကောင်းကင်သို့ ထိုးတက်ခြင်း၊ နေလကြယ်တာရာတို့၏ ထွန်းလင်းတောက်ပ လှည့်လည်ခြင်းသော သဘောတရားစု။
အမှတ် ၁ မှ ၅ အထိကို သုတ်မဟာဝါအဋ္ဌကထာ မဟာပဒါနသုတ်မှ ယူပြသည်။ အဋ္ဌသာလိနီ၊ ဋ္ဌ၊ ၃၁၂ ၌လည်း ရှုပါ။ ကျန် (၁၀) ပါးမှာ နောက်ပိုင်း ပညာရှင်တို့၏ ကြံဆချက် သက်သက်သာ ဖြစ်သည်။
၆။ ကပ္ပနိယာမ - ကမ္ဘာ၏ ပထမ တည်ထောင် ဖြစ်ပေါ်ပျက်စီး ပြုပြင်ပြောင်းလဲနေခြင်း သဘော၊
၇။ လိင်္ဂနိယာမ - ထီးမသတ္တဝါတို့၏ အချင်းချင်း မတူ ထူးခြားသော အသွင် အသံသဘော၊
၈။ ပထဝီနိယာမ - မြေ၏ တည်ရာမှီရာဖြစ်ခြင်း ခက်မာခိုင်ခန့်ခြင်းသဘော၊
၉။ အာပေါနိယာမ - ရေ၏ နိမ့်ရာသို့ စီးဆင်းခြင်း၊ အေးမြခြင်း၊ ပျော့ပြောင်းခြင်း သဘော၊
၁၀။ တေဇောနိယာမ - မီး၏ ပူလောင်ခြင်း၊ မြိုက်ကျွမ်းခြင်း၊ ကြေညက်စေခြင်း၊ ရင့်ရော်ဆွေးမြေ့စေခြင်း၊ ချမ်းအေးခြင်းသဘော၊
၁၁။ ဝါယောနိယာမ - လေ၏ တွန်းကန်ထကြွ လှုပ်ရှားတောင့်ခိုင်ခြင်း သဘော၊
၁၂။ အာကာသနိယာမ - ကောင်းကင်၏ ဟင်းလင်းပွင့်ခြင်း၊ ရေခြစ်၍ မရခြင်း၊ အဆင်းအရောင် ရုပ်သွင်ကင်းခြင်းသဘော၊
၁၃။ သူရိယနိယာမ - နေမင်း၏ အရောင်အဆင်းကို ပေးခြင်း၊ လက်ယာရစ်အမြဲလှည့်လည်ခြင်း၊ အရှေ့မှထွက်၍ အနောက်သို့ ဝင်ခြင်းသဘော၊
၁၄။ စန္ဒတာရကနိယာမ - လနှင့် ကြယ်တာရာတို့၏ အလင်းရောင်ကို ပေးခြင်း၊ အမြဲလက်ယာရစ်လှည့်လည်၍ သွားခြင်း၊ အရှေ့မှထွက်ပြီး အနောက်သို့ဝင်ခြင်းသဘော၊
၁၅။ ပဋိစ္စသမုပ္ပါဒနိယာမ - ကုသိုလ် အကုသိုလ် တရားတို့၏ တစ်ခုဖြစ်လျှင် အခြားတစ်ခု ဖြစ်ပေါ်လာခြင်း၊ သဘောတရားတစ်ခု ချုပ်လျှင် အခြားတစ်ခု ချုပ်သွားသော သဘောတရား (၇) မျိုး။