သုက်မလွှတ်သော ပုဂ္ဂိုလ် (၃) ယောက်

၁။ ဆကာမာဝစရနတ် - နတ်ပြည်ခြောက်ထပ်မှ နတ်တို့သည် နှစ်ယောက် နှစ်ယောက်တို့၏ ပေါင်းဆုံခြင်းကြောင့် သုက်သည် တည်ရာမှ မလျောကျမူ၍ တည်မြဲတိုင်းသော နေရာ၌သာလျှင် ခြောက်ငြိမ်းခြင်းသို့ ရောက်လေ၏။
၂။ အနာဂါမ်နှင့် ရဟန္တာ - ကာမရာဂ မရှိသောကြောင့် သုက်လွှတ်ခြင်းမရှိ။
၃။ ရူပဗြဟ္မာ - ခွာအပ်ပြီးသော ကာမရာဂရှိသောကြောင့်လည်းကောင်း၊ အာဟာရဖြင့် အသက်မွေးခြင်း မရှိသောကြောင့်လည်းကောင်း သုက်လွှတ်ခြင်းမရှိ။