ရာသီမိုး (၁၂) မျိုး

၁။ သင်္ကြန်မိုး - တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး၊
၂။ မြေသင်းမိုး - ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနံ့နံ့၊
၃။ မြက်သားမိုး - နယုန်မိုးသေး၊ မြက်သားမွေး၊
၄။ မိကျောင်းမိုး - ဝါဆိုတစ်ကြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး၊
၅။ မိုးဖွဲဖွဲ - ဝါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ခြစ်၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာ၊ ရွာပါသော်လည်း တဖွဲဖွဲ၊
၆။ စားဖိုဆင်းရဲမိုး - တော်သလင်းတိမ်ညို၊ စာဖိုသည်ဆင်းရဲ၊ မိုးမစဲ၊
၇။ ပလ္လင်ဆေးမိုး - သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး၊
၈။ ဆီးနှင်းတစ်လိုက်၊ မိုးတစ်ဖြိုက် - တန်ဆောင်မုန်းအတွင်း၊ ဆီးနှင်းတစ်လိုက်၊ မိုးတစ်ဖြိုက်၊
၉။ ဓားလှီးမိုး - နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်၊ နတ်အိမ်မြှောက်ချီး၊ မိုးဓားလှီး၊
၁၀။ နှမ်းပျက်မိုး - ပြာသိုအတွင်း၊ ဆီးနှင်းရောယှက်၊ နှမ်းထောင်ပျက်၊
၁၁။ ကျန်မိုးကြွင်း - တပို့တွဲ၊ ဖွဲ့နွဲ့ရွာခြင်း၊ ကျန်မိုးကြွင်း၊
၁၂။ မိုးသားကြူး - တပေါင်းတန်ခူး၊ မိုးသားကြူး။