သမုဒ္ဒရာကြီး (၇) စင်း

၁။ နရမာလိသမုဒ္ဒရာ - ဝဇီရစိန်ရတနာတို့ဖြင့် ပြန့်ပြောလျက် စိန်ရောင်တောက်ကာ ထက်သောနှာခေါင်း လူ့ကိုယ်နှင့်တူသော ငါးအပေါင်းတို့ ပျော်မြူး၍နေ၏။
၂။ အဂ္ဂိမာလိသမုဒ္ဒရာ - များစွာသော ရွှေတို့ဖြင့် ပြန့်ပြောလျက် ရွှေ၏ အရောင်တို့ကြောင့် မီးရောင်ကဲ့သို့ ပြောင်ပြောင်တောက်၍ နေ၏။
၃။ ဒဓိမာလိသမုဒ္ဒရာ - များစွာသော ငွေထုငွေရောင်တို့ကြောင့် နို့ရည်နို့ဓမ်းကဲ့သို့ ဖြူဖွေးတောက်ပြောင်ရှိနေ၏။
၄။ ကုသမာလိသမုဒ္ဒရာ - ပေါများသော ပတ္တမြားတို့၏ ရောင်ခြည်တို့ကြောင့် စိမ်းညိုသော သမန်းမြက်ခင်းကြီးကဲ့သို့ ရှိ၏။
၅။ နဠမာလိသမုဒ္ဒရာ - များစွာသော ကျောက်မျက်ရွဲခေါ် ကျောက်စိမ်းရတနာတို့၏ ရောင်ခြည်ကြောင့် ဝါးခြူတောကြီးကဲ့သို့ ရှိ၏။
၆။ နမာလိသမုဒ္ဒရာ - ပြန့်ပြောပေါများသော သန္တာရှိသောကြောင့် ရဲရဲနီသော အဆင်းရှိ၏။
၇။ ဗလဝါမုခသမုဒ္ဒရာ - အဝီစိငရဲကြီး၏ တံခါးနှင့် ဆက်စပ်လျက်ရှိ၏။ ထို့ကြောင့် ရံခါ ငရဲတံခါး ပွင့်လတ်သော် ငရဲမီးလျှံသည် ထွက်၍ ကြောက်မက်ဖွယ်သော ဝဲဩဃကြီးကို ဖြစ်စေလျက် ပြင်းစွာသော အသံတို့ဖြင့် မြည်ဟီး၍ နေ၏။