မာန်တက်ခြင်း (၉) ပါး

၁။ ဇာတိမဒ = ဇာတ်ကိုစွဲ၍ မာန်တက်ခြင်း။
၂။ ဂေါတ္တမဒ = မျိုးနွယ်ကိုစွဲ၍ မာန်တက်ခြင်း။
၃။ သိပ္ပမဒ = အတတ်ပညာကိုစွဲ၍ မာန်တက်ခြင်း။
၄။ အာရောဂျမဒ = အနာရောဂါကင်းမှုကိုစွဲ၍ မာန်တက်ခြင်း။
၅။ ယောဗ္ဗမဒ = အရွယ်နုပျိုခြင်းကိုစွဲ၍မာန်တက်ခြင်း။
၆။ ဇီဝိတမဒ = အသက်ရှည်ခြင်းကိုစွဲ၍ မာန်တက်ခြင်း။
၇။ ဝဏ္ဏရူပမဒ = အဆင်းလှခြင်းကိုစွဲ၍ မာန်တက်ခြင်း။
၈။ သောဘဂ္ဂမဒ = ဘောဂပေါကြွယ်တင့်တယ်မှုမျိုးကိုစွဲ၍ မာန်တက်ခြင်း။
၉။ ပရိဝါရမဒ = ကျော်စောသတင်း ခြံရံများခြင်းကိုစွဲ၍ မာန်တက်ခြင်း။