သမုဒ္ဒရာ အံ့ဖွယ် (၈) ပါး

၁။ ကမ်းစပ်မှစ၍ အစဉ်အတိုင်း နိမ့်လျောနက်ရှိုင်းသွားခြင်း။
၂။ ရေသည် ကမ်းကို မကျော်လွန်ပဲ တည်နေခြင်း။
၃။ အကောင်ပုပ် အမှိုက်သရိုက်တို့ကို ပင်လယ်ထဲ၌မထားပဲ ကမ်း ကုန်းအရပ်သို့ တင်ပို့ခြင်း။
၄။ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့မှ စီးဝင်လာသော ရေဟူသမျှတို့ကို မူလအမည်ပျောက်စေပြီး မဟာသမုဒ္ဒရာရေဟူသော အမည်တစ်ခုကိုသာ ရစေခြင်း။
၅။ မြစ်ကြီး၊ မြစ်ငယ်၊ အင်း၊ အိုင်၊ ချောင်း၊ မြောင်း၊ ကောင်းကင်ဝဠာ ရှစ်မျက်နှာမှ အခါမလပ်မည်မျှပင် မြစ်ရေ မိုးရေတို့ စီးဝင်လာသော်လည်း မဟာသမုဒ္ဒရာ၏ ပြည့်လျှံယုတ်လျော့မှု မရှိခြင်း။
၆။ ရေချို ရေဖန် ရေငန် ရေခါး ဟူ၍ ရသာထွေပြားသည့် ရေများမည်မျှပင် စီးဝင်လာစေ ဆားငန်ရေဟူသော တစ်ခုတည်းသော အရသာကိုသာ ထားရှိခြင်း။
၇။ လောကီ ရတနာခုနစ်ပါး၊ ဆယ်ပါးတို့၏ တည်ရာဖြစ်ခြင်း။
၈။ ယူဇနာများစွာ ခန္ဓာရှိသောငါးကြီးတို့နှင့် တကွ ရေဘီလူး နဂါး အသူရာနတ်ကြီးများစသည် တို့၏ ကျက်စားရာဖြစ်ခြင်း။