ဝဋ်ကြွေးတော် (၁၂) ပါး (ဝိပါက်တော် ၁၂ ပါး)

၁။ ဒုက္ကရ ၊ ကဿပဘုရားလက်ထက် ဇောတိပါလပုဏ္ဏားဖြစ်စဉ် ဘုရားဖြစ်မည်ဆိုလျှင် ခြောက်လမဟုတ် ခြောက်နှစ် ဒုက္ကရစရိယာကျင့်ပါမည် ဆိုသော ဝစီဝိပါက်တော်၊
၂။ စိဉ္စမာဏ ၊ ရှေးအခါ သေသောက်ကြူးဖြစ်စဉ် ပစ္စေကဗုဒ္ဓါတစ်ပါးအား ဆွမ်းရပ်နေတော်မူရာ အကျင့်ယုတ်ဟု ပြောမိခြင်း ဝိပါက်တော်၊
၃။ သုန္ဒရီ ၊ ရှေးအခါ မုနာဠိအမည်နှင့် လူဖြစ်စဉ် ပစ္စေကဗုဒ္ဓါအား အကျင့်ယုတ်ဟု စွပ်စွဲခဲ့ခြင်း ဝိပါက်တော်၊
၄။ ၊ အလောင်းတော် ရသေ့ဖြစ်စဉ် ဈာန်ပျံရသေ့တစ်ဦးအား ငြူစူခဲ့ဖူးသော ဣဿာဝိပါက်တော်၊
၅။ ဒေဝဒတ် ကျောက်တုံး ၊ သူကြွယ်မျိုးဖြစ်စဉ် ညီကို လှည့်ဖြားခေါ်သွား၍ ကျောက်လွှာဖြင့် ဖိညှပ်ထုသတ်ခဲ့မိသော ဝိပါက်တော်၊
၆။ ကျောက်လွှာထိ ၊ ရှေးက သူငယ်ဖြစ်စဉ် ပစ္စေကဗုဒ္ဓါ တစ်ပါးအား ခဲဖြင့် ပစ်ရာ ခြေတွင် သွေးယိုခဲ့ဖူးသော ဝိပါက်တော်၊
၇။ နာဠာဂီရိဆင် ၊ ရှေးအခါ ဆင်ထိန်းဖြစ်စဉ် ရှင်ပစ္စေကဗုဒ္ဓါတစ်ပါးအား ဒေါသနှင့် ဆင်နှင့် လိုက်၍ တိုက်ခဲ့သော ဝိပါက်တော်၊
၈။ ခြေမဓားနဲ့ခွဲ ၊ ပဒေသရာဇ်မင်း ဖြစ်စဉ် မူးယစ်ယောက်စား၍ လူအရှင်လတ်လတ်ကို ဓားဖြင့် ထိုးဖြတ်ခြင်း ပြုခဲ့သော ဝိပါက်တော်၊
၉။ ရံဖန်ရံခါ ခေါင်းခဲတော်မူရခြင်း၊ ရှေးအခါ တံငါဖြစ်စဉ် ငါးဦးခေါင်းကို ထုရိုက်ရာတွင် ဝမ်းမြောက်ခဲ့ဖူးသော ဝိပါက်တော်၊
၁၀။ မုယောဆွမ်း ၊ မထင်မရှားသော အမျိုးသားဖြစ်စဉ် ရဟန်းတော်များ ဆွမ်းစားနေသည်ကို ဆွမ်းကြမ်းစားဟု ပြစ်မှားပြောဆိုခဲ့ဖူးသော ဝိပါက်တော်၊
၁၁။ ခါးကိုက်၊ ရှေးအခါ လက်ဝှေ့သမားဖြစ်စဉ် နိုင်လျှင် ခါးရိုးကို မြေနှင့်ကိုင်ရိုက်ခဲ့ဖူးသော ဝိပါက်တော်၊
၁၂။ ဝမ်းတော်သွန်၊ ဆေးဆရာဖြစ်စဉ် သူဌေးသားတစ်ယောက်အား ကုစားရာ အခမပေးလို၍ မသက်သာသေးဟု လိမ်လည်ပြောဆိုရာတွင် ဝမ်းလားဆေး (ဝမ်းနုတ်ဆေး) ကို တိုက်ကျွေးခဲ့ဖူးသော ဝိပါက်တော်။