သုဇာတာလှူသော ဃနာနို့ဆွမ်း၏ အကျိုး (၁၂) ပါး

၁။ မွတ်သိပ်ခြင်း ပျောက်၍ အားပြည့်ခြင်း၊
၂။ ချင်ခြင်းပျောက်၍ ရောင့်ရဲခြင်း၊
၃။ မမွေ့လျော်ခြင်း ပျောက်၍ မွေ့လျော်ခြင်း၊
၄။ ပျောင်းနွမ်းခြင်းပျောက်၍ ခန့်ကျန်းခြင်း၊
၅။ အမျက်ပဋိဃာတ် ဒေါသပျောက်၍ ငြိမ်းခြင်း၊
၆။ အငြိုးဖွဲ့ခြင်းဖျောက်၍ မေတ္တာသက်ခြင်း၊
၇။ အငြင်းအခုံ ခိုက်ရန်ပျောက်၍ အချင်းချင်း မေတ္တာစပ်ခြင်း၊
၈။ သူနှစ်ဦးတို့ ချောပစ်ကုန်းတိုက်ကင်း၍ ညီညွတ်စေ့စပ်ခြင်း၊
၉။ အချမ်းပျောက်၍ လုံခြင်း၊
၁၀။ အပူပျောက်၍ ချမ်းသာခြင်း၊
၁၁။ ဆန့်ကျင်ခြင်း၊ ကိုယ်လက်လေးခြင်း ပျောက်၍ ပေါ့ခြင်း၊
၁၂။ အိပ်မွေ့ခြင်းပျောက်၍ နေထိုင်နေစောင့်ခြင်း။