ရဟန်းတို့ လူထွက်ကြောင်း (၄) မျိုး

၁။ ကောဓဥပါယာသ - ဆိုဆုံးမသည်ကို မခံယူလိုသောကြောင့် လည်းကောင်း။
၂။ ဩဒရိကတ္တ - စားသောက်ချင်တိုင်း မစားသောက်ရသောကြောင့် လည်းကောင်း။
၃။ ကာမဂုဏ - သူတစ်ပါးတို့ ကာမဂုဏ်ငါးပါးနှင့် တင့်တယ်စွာနေသည်ကို မြင်ပြီး ထို့အတူ နေလိုသောကြောင့် လည်းကောင်း။
၄။ မာတုဂါမ - မာတုဂါမတို့ မလုံမခြုံ ဝတ်ထားခြင်းကို မြင်ပြီး ရာဂသောင်းကျန်းခြင်းကြောင့် လည်းကောင်း။
(မဇ္စျိမပဏ္ဏာသပါဠိ)