ဝိနည်း သိက္ခာပုဒ် ပညတ်တော်မူသော တိုင်းပြည် (၇) တိုင်း

၁။ ဝေသာလီပြည်၌ - သိက္ခာပုဒ် (၁၀) ပါး ပညတ်တော်မူ၏။
၂။ ရာဇဂြိုဟ်ပြည်၌ - သိက္ခာပုဒ် (၂၁) ပါး ပညတ်တော်မူ၏။
၃။ သာဝတ္ထိပြည်၌ - သိက္ခာပုဒ် (၁၇၁) ပါး ပညတ်တော်မူ၏။
၄။ အာဠဝီပြည်၌ - သိက္ခာပုဒ် (၆) ပါး ပညတ်တော်မူ၏။
၅။ ကောသမ္ဗီပြည်၌ - သိက္ခာပုဒ် (၈) ပါး ပညတ်တော်မူ၏။
၆။ သက္ကတိုင်း၌ - သိက္ခာပုဒ် (၈) ပါး ပညတ်တော်မူ၏။
၇။ ဘဂ္ဂတိုင်း၌ - သိက္ခာပုဒ် (၃) ပါး ပညတ်တော်မူ၏။
(ဝိနည်းတော်မှ)