လက်နက် (၄) မျိုး

၁။ မုတ္တလက်နက် - လက်မှ လွှတ်ပစ်ရသောလှံရှင် အစရှိသည့် လက်နက်မျိုး။
၂။ အမုတ္တလက်နက် - လက်မှ မလွှတ်ရသော ဓား၊ သန်လျက် အစရှိသည့် လက်နက်မျိုး။
၃။ မုတ္တာမုတ္တလက်နက် - လွှတ်၍လည်းပစ်ရ၊ မလွှတ်ဘဲလည်း ရိုက်ရသည့် တုတ်၊ တောင်ဝှေး အစရှိသည့် လက်နက်မျိုး။
၄။ ယန္တမုတ္တ လက်နက် - ယန္တရားဆင်၍ ပစ်လွှတ်ရသော မြား အစရှိသည့် လက်နက်မျိုး။