သူ့မြို့မှာ စုံစမ်း၍ သိရာသော အကြောင်း (၇) ပါး

၁။ မိမိတို့က သူလျှိုလွှတ်သဖြင့် သိရာသည်။
၂။ သူက လွှတ်သည်ကို မိမိတို့က ကင်းစောင့်သဖြင့် သိရာသည်။
၃။ မိမိတို့က ကုန်ပြုသွားသဖြင့် သိရာသည်။
၄။ သူ့ဘက်မှ ကုန်ပြုလာသူတို့အား ပေးကမ်းဖြားယောင်း၍ သိရာသည်။
၅။ မိမိတို့က တမန်စေသဖြင့် သိရာသည်။
၆။ သူ့အရပ်မှလာသော သူတို့အား ဥပါယ်တမျဉ်ဖြင့် စုံစမ်း၍ သိရာသည်။
၇။ သူ့တမန်ကို ပေးကမ်းစုံစမ်းသဖြင့် သိရာသည်။