မြင်းမိုရ်တောင်၏ ကျက်သရေ (၁၀) ပါး

၁။ ရေအောက်တွင် ယူဇနာရှစ်သောင်းလေးထောင်ရှိခြင်း။
၂။ ရေပေါ်တွင် ယူဇနာရှစ်သောင်းလေးထောင်ဖြစ်၍ အမြင့်ဆုံးဖြစ်၏။
၃။ ကျွန်းကြီးလေးကျွန်း သမုဒ္ဒရာကြီးလေးစင်း အလယ်၌ရှိခြင်း။
၄။ သတ္တရဘန် တောင်စဉ်ခုနစ်ထပ်ဝန်းရံခြင်း။
၅။ သီတာခုနစ်တန် ဝန်းရံခြင်း။
၆။ နေ လ နက္ခတ်တာရာ လှည့်ပတ်သွားလာခြင်း။
၇။ အာလိန် ငါးဆင့်ရှိခြင်း။
၈။ စတုမဟာရာဇ် နတ်ကြီးလေးပါးနေရာ နတ်ပြည်လေးရပ်ရှိခြင်း။
၉။ တာဝတိံသာ သိကြားမင်းနေရာ သုဒဿနမြို့၊ ဝေဇယန္တာနန်း၊ သုဓမ္မာဇရပ်၊ ဥယျာဉ် အသွယ်သွယ်နှင့်တင့်တယ်ခြင်း။
၁၀။ အရောင်လေးပါးရှိခြင်း။