သံဃိကဒါန (၁၀) ပါး

၁။ ဗုဒ္ဓပမုခ - ဘုရားအမှူးရှိသော ရဟန်းယောက်ျား ရဟန်းမိန်းမတို့အား လှူခြင်း၊
၂။ ဥဘတောသံဃိကဒါန - ဘုရားပရိနိဗ္ဗာန်ပြုပြီးသည့်နောက် ရဟန်းယောက်ျား ရဟန်းမိန်းမတို့အား လှူခြင်း၊
၃။ ဘိက္ခုသံဃိကဒါန - တစ်တိုက်လုံး၊ တစ်ကျောင်းလုံးရှိ သံဃာတို့အား လှူဒါန်းခြင်း၊
၄။ ဘိက္ခုနီသံဃိကဒါန - တစ်တိုက်လုံး၊ တစ်ကျောင်းလုံးရှိ ရဟန်းမိန်းမတို့အား လှူဒါန်းခြင်း၊
၅။ ဘိက္ခု ဘိက္ခုနီ ဥဒ္ဒိဿ သံဃိကဒါန - တစ်ကျောင်းလုံးကို မတတ်နိုင်၍ ဆယ်ပါးဖြစ်စေ၊ ငါးပါးဖြစ်စေ၊ တစ်ပါးတည်းဖြစ်စေ ရဟန်းယောက်ျား ရဟန်းမိန်းမတို့ကို သံဃာတော် ညွှန်းချတော်မူပါဟု သံဃာကြီး၌ ဖြစ်စေ ဆွမ်းညွှန်းရဟန်းထံ၌ဖြစ်စေ သံဃာအများထံ၌ဖြစ်စေ တောင်းပန်း၍ ထိုအရှင်တို့ ညွှန်းချသော ရဟန်းမိန်းမ ရဟန်းယောက်ျားတို့အား ပေးလှူခြင်း၊
၆။ ဘိက္ခုဥဒ္ဒိဿ သံဃိကဒါန - အထက်နည်းအတိုင်း ညွှန်းချ၍ ရဟန်းယောက်ျားသက်သက်တို့ကို ပေးလှူခြင်း၊
၇။ ဘိက္ခုနီဥဒ္ဒိဿ သံဃိကဒါန - အထက်နည်းအတိုင်း ညွှန်းချ၍ ရဟန်းမိန်းမသက်သက်တို့ကို ပေးလှူခြင်း၊
၈။ ဗုဒ္ဓပမုခဘိက္ခု သံဃိကဒါန - ဘုရားအမှူးရှိသော သံဃာတော်တို့အား ပေးလှူခြင်း၊
၉။ စတုဒ္ဒိသာ သံဃိကဒါန - ဘုရားအမှူးရှိသော ရောက်ပြီး ရောက်ဆဲ ရောက်လတ္တံ့ ဖြစ်သော အရပ်လေးမျက်နှာရှိ သံဃာတော်တို့အား ပေးလှူခြင်း၊
၁၀။ စတုဒ္ဒိသာဘိက္ခု သံဃိကဒါန - ဘုရားကို အမှူးမပြုမူ၍ ရောက်ပြီး ရောက်ဆဲ ရောက်လတ္တံ့ဖြစ်သော အရပ်လေးမျက်နှာရှိ သံဃာတော်တို့အား ပေးလှူခြင်း။