အကုသိုလ်စေတသိက် (၁၄) ပါး

အကုသိုလ်စိတ်များဖြင့်သာ ယှဉ်၍ ဖြစ်သော စေတသိက်များ ဟူ၏။
၁။ လောဘ - ဆာလောင်မွတ်သိပ် တွယ်တာ သာယာခင်မင်ခြင်း လက္ခဏာ၊
၂။ ဒေါသ - ကြမ်းတမ်း ပြစ်မှား နှိပ်စက် ဖျက်ဆီးခြင်း လက္ခဏာ၊
၃။ မောဟ - အမှန်တရားကို မသိခြင်း၊
၄။ အဟိရိက - မကောင်းမှု ပြုရမှာ မရှက်ခြင်း၊
၅။ အနောတ္တပ္ပ - မကောင်းမှု ပြုရမှာ မကြောက်မလန့်ခြင်း၊
၆။ ဥဒ္ဓစ္စ - ပျံ့လွင့်တုန်လှုပ်ခြင်း၊
၇။ မာန - ငါကွ ဟု ထောင်လွှားခြင်း၊
၈။ ဒိဋ္ဌိ - အမှားကို အမှန်ဟု စွဲယူထားခြင်း၊
၉။ ဣဿာ - သူတစ်ပါးအား မလိုတမာ ငြူစူလာခြင်း၊
၁၀။ မစ္ဆရိယ - မိမိစည်းစိမ်ကို နှမြောဝန်တို မဆက်ဆံလိုလျက် ဖုံးဝှက်ကာထားခြင်း၊
၁၁။ ကုက္ကုစ္စ - ပြုပြီးသား အကုသိုလ်၊ မပြုလိုက်ရသော ကုသိုလ်တို့အတွက် နောင်မှတကာ ပူပန်လာခြင်း၊
၁၂။ ထိန - ကုသိုလ်ပြုရာ၌ စိတ်ဓာတ်လျော့ပါး နည်းပါးခြင်း၊
၁၃။ မိဒ္ဓ - ထိနကြောင့် ထိုင်းမှိုင်းငိုက်မျဉ်း၍ လာခြင်း၊
၁၄။ ဝိစိကိစ္ဆာ - ကောင်းမှုကုသိုလ်တရား၌ ယုံရမှာလား၊ မယုံရမှာလားဟု သို့လောသို့လော တွေးတောယုံမှားခြင်း လက္ခဏာရှိ၏။