မာရ်စစ်သည် (၁၀) ပါး

၁။ ကာမပဌမသေနာ = ဝတ္ထုကာမ ကိလေသာကာမ ခုံမင်ခြင်းပထမစစ်သည်တော်။
၂။ အရတိဒတိယသေနာ = ရဟန်းအဖြစ် မမွေ့လျော်နိုင်ခြင်း သမထဘာဝနာတို့၌ မမွေ့လျော်နိုင်ခြင်း။
၃။ ခုပ္ပိပါသာ တတိယသေနာ = အစားအစာ၌ ရမ္မက်ထူခြင်း အဆင်းရဲမခံနိုင်ခြင်း။
၄။ တန္ဒိ စတုတ္ထသေနာ = ပျင်း၍ စိတ်ကုန်ခမ်းခြင်း၊ အားလျောခြင်း။
၅။ ထိနမိဒ္ဓ ပဉ္စမသေနာ = ပျင်း၍ငိုက်မျဉ်းခြင်း၊ မှိုင်တွေငေးမောခြင်း။
၆။ ဘီရု ဆဋ္ဌသေနာ = အပျင်းစိတ်ကြောင့် မောဟများ၍ ကြောက်ရွံ့ထိတ်လန့်ခြင်း။
၇။ ဝိစိကိစ္ဆာ သတ္တမသေနာ = တရားကျင့်သော် စိတ်ဒွိဟဖြစ်ခြင်း။
၈။ မက္ခထမ္ဘ အဋ္ဌမသေနာ = တရားရပြန်သော်လည်း ထိုဂုဏ်ကြောင့် ရိုသေထိုက်သူတို့အား မောက်မာခြင်း။
၉။ တဏှာမာန နဝမသေနာ = မိမိ၏ ဂုဏ်ကြောင့် ရပ်အပ်သော လာဘ်လာဘ အခြံအရံတန်ခိုး ကိတ္တိကို နှစ်သက်သာယာတက်ကြွခြင်း။
၁၀။ အဝဇာန ဒသမသေနာ = မိမိ၏ ဂုဏ်ကြောင့် သူတစ်ပါးအား မထီလေးစား မထီမဲ့မြင် ပြုမူခြင်း။

တစ်နည်း

၁။ ကာမ - ကာမဂုဏ်ငါးပါး၌ တပ်နှစ်သက်မှု ရာဂ။
၂။ အရတိ - ကောင်းမှု၌ မမွေ့လျော်ခြင်း။
၃။ ခုပ္ပိပါသ - ဆာလောင်မွတ်သိပ်တတ်ခြင်း။
၄။ တဏှာ - စားသောက်ဖွယ်ကို ရှာမှီးခြင်း တပ်နှစ်သက်ခြင်း။
၅။ ထိန မိဒ္ဓ - စိတ် စေတသိက်တို့ ထိုင်းမှိုင်းခြင်း။
၆။ ဘီရု - ကြောက်လန့်ခြင်း။
၇။ ဝိစိကိစ္ဆာ - ရတနာသုံးပါး စသည်၌ ယုံမှားသံသယ ဖြစ်ခြင်း။
၈။ မက္ခ ထမ္ဘ - ကျေးဇူးမဲ့ကို ပြုတတ်ခြင်း ခက်ထန်ခြင်း။
၉။ လာဘသက္ကာရ သိလောကမိစ္ဆာလဒ္ဓ - မတရားသဖြင့် ရအပ်သောလာဘ် ကျော်စောမှု အပူဇော်ခံရမှုများ။
၁၀။ အတ္တုက္ကံသန ပရဝမ္ဘန - ကိုယ့်ကိုယ်ကို မြှောက်ပင့်၍ သူတပါးကို နှိမ့်ချတတ်သော သဘောထား ယုတ်မာမှု။
မြတ်စွာဘုရားသည် မာရ်စစ်သည် ၁၀-ပါးကို အောင်တော်မူ၏။
(သုတ္တံနိပါတ်ပါဠိတော် မဟာဝဂ် ဝဓာနသုတ်)