မာန်တက်ခြင်း (၁၂) ပါး

၁။ သေယျမာန် - ငါမြတ်၏ဟု မာန်တက်ခြင်း၊
၂။ သဒိသမာန် - ငါသူတို့နှင့်တူ၏ဟု မာန်တက်ခြင်း၊
၃။ ဟီနမာန် - ငါသူတို့အောက်ယုတ်၏ဟု မာန်တက်ခြင်း၊
၄။ သေယျဿ သေယျမာန် - မြတ်သည်ဖြစ်လျက် ငါမြတ်၏ဟု မာန်တက်ခြင်း၊
၅။ သေယျဿ သဒိသမာန် - မြတ်သည်ဖြစ်လျက် ငါသူနှင့်တူ၏ဟု မာန်တက်ခြင်း၊
၆။ သေယျဿဟီနမာန် - မြတ်သည်ဖြစ်လျက် ငါသူတို့အောက် ယုတ်၏ဟု မာန်တက်ခြင်း၊
၇။ သဒိသဿ သေယျမာန် - သူနှင့်တူသည်ဖြစ်လျက် သူထက်မြတ်၏ဟု မာန်တက်ခြင်း၊
၈။ သဒိသဿ သဒိသမာန် - သူနှင့်တူသည်ဖြစ်လျက် သူနှင့်တူ၏ဟု မာန်တက်ခြင်း၊
၉။ သဒိသဿ ဟီနမာန် - သူနှင့်တူသည်ဖြစ်လျက် သူ့အောက်ယုတ်၏ဟု မာန်တက်ခြင်း၊
၁၀။ ဟီနဿ သေယျမာန် - သူ့အောက်ယုတ်လျက် သူ့ထက်မြတ်၏ဟု မာန်တက်ခြင်း၊
၁၁။ ဟီနဿသဒိသမာန် - သူ့အောက်ယုတ်လျက် သူနှင့်တူသည်ဟု မာန်တက်ခြင်း၊
၁၂။ ဟီနဿဟီနမာန် - သူ့အောက်ယုတ်လျက် သူ့အောက်ယုတ်၏ဟု မာန်တက်ခြင်း။