ဝါကျဒေါသ (၉) ပါး

၁။ ဧကတ္ထဒေါသ = ဝါကျတို့တွင် အကျိုးမရှိဘဲ သဒ္ဒါအားဖြင့် လည်းကောင်း ၊ အနက်အားဖြင့်လည်းကောင်း အထပ်ထပ်ဆိုခြင်း ပုနရုတ္တိ ဒေါသလည်းခေါ်၏။
၂။ ဘဂ္ဂရိတိဒေါသ = ဆိုအံ့သောငှာ အားထုတ်သောစကားအစဉ်ပျက်ခြင်း။
၃။ ဗျာကိဏ္ဏဒေါသ = ကမောက်ကမ ရောပြွမ်းရှုပ်ထွေးအောင်ဆိုခြင်း။
၄။ ဂါမ္မဒေါသ = ဝါကျ၌ရိုင်းပြစွာသော စကားနှင့် သုံးစွဲစပ်ဆိုခြင်း။
၅။ ယတိဟီနဒေါသ = ဖြတ်၍ရွတ်ဖတ်သင့်သည်၌ မဖြတ်ရအောင် စီကုံးခြင်း။
၆။ ကမစ္စုတဒေါသ = ထုံးစံအတိုင်း အစဉ်ပျက်ခြင်း။
၇။ အတိဝုတ္တဒေါသ = မထိုင်မတန် အလွန်အကျူး ချီးမွန်းခြင်း။
၈။ အပေတ္ထဒေါသ = ဝါကျ၌ အဓိပ္ပာယ် မကောက်နိုင်အောင် တောင်ဆို မြောင်ဆိုစပ်ဆိုခြင်း။
၉။ သဗန္ဓဖရုသဒေါသ = ကြမ်းတမ်းသောအက္ခရာအမျာအပြားနှင့် စပ်ဆိုခြင်း။