မင်္ဂလာတရား (၃၈) ပါး

၁။ အသေ၀နာ စ ဗာလာနံ - သူမိုက်ကို မမှီဝဲ မဆည်းကပ်ရခြင်း။
၂။ ပဏ္ဍိတာနဉ္စသေ၀နာ - ပညာရှိကို မှီဝဲဆည်းကပ်ရခြင်း။
၃။ ပူဇာစ ပူဇနေယျာနံ - ပူဇော်ထိုက်သူကို ပူဇော်ရခြင်း။
၄။ ပဋိရူပဒေသဝါသောစ - သင့်တင့်လျောက်ပတ်သောအရပ်၌ နေရခြင်း။
၅။ ပုဗ္ဗေစ ကတပုညတာ - ရှေးကပြုခဲ့ဘူးသော ကောင်းမှုရှိသော သူ၏ အဖြစ်၌ ရှိရခြင်း။
၆။ အတ္တသမ္မာပဏီဓိ စ - မိမိကိုယ်ကိုကောင်းစွာဆောက်တည်ရခြင်း။
၇။ ဗာဟုဿစ္စဉ္စ - အကြားအမြင် များသောသူဖြစ်ရခြင်း။
၈။ သိပ္ပဉ္စ - လက်မှုပညာ အစရှိသော အသက်မွေးမှုပညာ တတ်ရခြင်း။
၉။ ဝိနယော စ သုသိက္ခိတော - မိမိနှင့် ဆိုင်ရာ ကျင့်သုံးရမည့် တရားကိုသိရခြင်း။
၁၀။ သုဘာသိတာ စ ယာဝါစာ - ကောင်းသောစကားကိုပြောဆိုရခြင်း။
၁၁။ မာတာပိတု ဥပဋ္ဌာနံ - အမိအဖကို လုပ်ကျွေးရခြင်း။
၁၂။ ပုတ္တဒါရဿ သင်္ဂဟော -သားမယားတို့ကို သင်္ဂြိုဟ်ထောက်ပံ့ပေး ကမ်းရခြင်း။
၁၃။ အနာကုလာ စ ကမ္မန္တာ - အနှောက် အယှက် မရှိသော အလုပ်ကို လုပ်ရခြင်း။
၁၄။ ဒါနဉ္စ - အလှူအတန်း ပြုလုပ်ရခြင်း။
၁၅။ ဓမ္မစရိယာ -တရားကို ကျင့်ရခြင်း။
၁၆။ ဉာတကာနဉ္စ သင်္ဂဟော - ဆွေမျိုးတို့အား ထောက်ပံ့ပေးကမ်းရခြင်း။
၁၇။ အနဝဇ္ဇာနိ ကမ္မာနိ -အပြစ်မရှိသော အလုပ်ကို လုပ်ရခြင်း။
၁၈။ အာရတီ - မကောင်းမှုမှ ဝေးစွာရှောင်ကြဉ်ရခြင်း။ ( စာရိတ္တသီလ )
၁၉။ ဝိရတီ - မကောင်းမှုမှ ကိုယ်တွေ့ကြုံက အထူး ရှောင်ကြဉ်ရခြင်း။ (ဝါရိတ္တသီလ )
၂၀။ မဇ္ဇပါနာ စ သံယမော - သေရည်အရက်ကို သောက်ခြင်းမှ ကောင်းစွာ ရှောင်ကြဉ်ရခြင်း။
၂၁။ အပ္ပမာဒေါ စ ဓ​မ္မေသု - ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ရခြင်း။
၂၂။ ဂါရဝေါ စ - ရိုသေထိုက်သောသူကို ရိုသေရခြင်း။
၂၃။ နိဝါတော စ - မိမိကိုယ်ကို နှိမ့်ချရခြင်း။
၂၄။ သန္တုဋ္ဌီ စ - ရသလောက်နှင့် ရောင့်ရဲလွယ်ရခြင်း။
၂၅။ ကတညုတာ - သူပြုဘူးသော ကျေးဇူးကို သိရခြင်း။
၂၆။ ကာလေန ဓမ္မဿဝနံ - သင့်တင့်လျောက်ပတ်သော အခါ၌ သူတော်ကောင်းတရား နာကြားရခြင်း။
၂၇။ ခန္တီ စ -သည်းခံရခြင်း။
၂၈။ သောဝစဿတာ - သူတော်ကောင်းများ ဆိုဆုံးမသော စကားနာယူရခြင်း။
၂၉။ သမဏာနဉ္စ ဒဿနံ - ရဟန်းမြတ်တို့အား ဖူးမျှော်ကန်တော့ရခြင်း။
၃၀။ ကာလေန ဓမ္မသာကစ္ဆာ - သင့်တင့်လျောက်ပတ်သော အခါ၌ တရားကို ဆွေးနွေးရခြင်း။
၃၁။ တပေါ စ - ခြိုးခြံစွာ ကျင့်ရခြင်း။
၃၂။ ဗြဟ္မစရိယဉ္စ - မြတ်သောအကျင့်ကို ကျင့်ရခြင်း။
၃၃။ အရိယသစ္စာန ဒဿနံ - အရိယသစ္စာ လေးပါးကို သိမြင်ရခြင်း။
၃၄။ နိဗ္ဗာနသစ္ဆိကိရိယာ စ - နိဗ္ဗာန်ချမ်းသာတရားကို မျက်မှောက်ပြုရခြင်း။
၃၅။ ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ န ကမ္ပတိ - လောကဓံတရား ရှစ်ပါးနှင့် တွေ့ကြုံက မတုန်လှုပ်ရခြင်း။
၃၆။ အသောကံ - စိုးရိမ်မှု မရှိရခြင်း။
၃၇။ ဝိရဇံ - ရမ္မက်ဟူသော မြူမရှိရခြင်း။
၃၈။ ခေမံ - ဘေးမရှိခြင်း။
၃၈-ပါးသော တရားကားနိဋ္ဌိတံ။