သတ္တဌာန သတ္တာဟ (၇) ဌာန

၁။ ပလ္လင်္ကသတ္တာဟ - ဗောဓိပင်၏ အရှေ့မြောက် တစ်လံအကွာ ရွှေပလ္လင်တော်၌ (၇) ရက် စံနေတော်မူ၏။
၂။ အနိမိသသတ္တာဟ - ဗောဓိပင်၏ မြောက်ဘက် ဆယ်လံအကွာ ပလ္လင်တော်၌ (၇) ရက် စံနေတော်မူ၏။
၃။ စင်္ကမသတ္တာဟ - ဗောဓိပင်နှင့် အနိမိသအကြား နှစ်လံအကွာဌာ ရတနာစင်္ကြံတော်၌ (၇)ရက် စံနေတော်မူ၏။
၄။ ရတနာ ဃရသတ္တာဟ - ဗောဓိပင်၏ အနောက်မြောက် တစ်ဆယ့်ငါးလံ အကွာရှိ ရတနာဃရ ရွှေအိမ်တော်၌ (၇) ရက် စံနေတော်မူ၏။
၅။ အဇပါလ သတ္တာဟ - ဗောဓိပင်၏ အရှေ့ ၃၂ လံ အကွာရှိ အဇပါလ ဆိတ်ကျောင်းညောင်ပင်၌ (၇) ရက် စံနေတော်မူ၏။
၆။ မုဉ္စလိန္ဒသတ္တာဟ - ဗောဓိပင်၏ အရှေ့တောင် တစ်ဆယ့်ငါးလံ အကွာရှိ မုဉ္စလိန္ဒာအိုင်ဝယ် နဂါးပါးပြင်အောက်၌ (၇) ရက် စံနေတော်မူ၏။
၇။ ရာဇာယတနသတ္တာဟ - ဗောဓိပင်၏ တောင်ဘက် တစ်ဆယ့်တစ်လံအကွာရှိ လင်းလွန်းပင်ရင်း၌ (၇) ရက်စံနေတော်မူ၏။