နားလည် လိမ္မာရာ တရား (၇) ပါး

၁။ ဓမ္မညူ - ပါဌ်၌ လိမ္မာခြင်း၊ ကိုယ်ကျင့်တရား၌ နားလည်ရခြင်း၊
၂။ အတ္ထညူ - အနက်၌ ကျွမ်းကျင်ခြင်း၊ အကျိုးရရေး၌ နားလည်ရခြင်း၊
၃။ အတ္တညူ - ကိုယ်ရေးကိုယ်တာ၌ လိမ္မာခြင်း၊
၄။ ကာလညူ - အချိန်ကာလအပိုင်းအခြားကို သိခြင်း၊
၅။ မတ္တညူ - အတိုင်းအရှည် ပမာဏကို သိခြင်း၊ အလိုက်သိခြင်း၊
၆။ ပရိသညူ - ပရိသတ်အလိုသဘော၌ သိရှိ လိမ္မာခြင်း၊
၇။ ပုဂ္ဂလညူ - ပုဂ္ဂိုလ်၏ အလိုသဘော၌ ပါးနပ်လိမ္မာရခြင်း။
(သုတ်ပါထေယျကျမ်း မှ)