မင်္ဂလာ (၁၂) ပါး

၁။ ဂဗ္ဘသာဝကမင်္ဂလာ - သဋိသန္ဓေစွဲသည့် နေ့ကစ၍ ရံခါရံခါ မင်္ဂလာပြုပေးခြင်း၊
၂။ ဝိဇာတမင်္ဂလာ - ဖွားမြင်သောအခါ ပြုသောမင်္ဂလာ၊
၃။ အာဟာရပရိဘောဂမင်္ဂလာ - သူငယ်ကို ထမင်းခွံ့သော မင်္ဂလာ၊
၄။ တမ္ဗုလဘတ္တမင်္ဂလာ - ကွမ်းခွံ့သော မင်္ဂလာ၊
၅။ ဒေါဠာကရဏမင်္ဂလာ - ဧယာဉ်လွှဲသော မင်္ဂလာ၊
၆။ ကေသစ္ဆေဒနမင်္ဂလာ - ဆံပယ်သော မင်္ဂလာ၊
၇။ ဂေဟာကရဏမင်္ဂလာ - အိမ်သစ်တက်သော မင်္ဂလာ၊
၈။ သာမဏေရပဗ္ဗဇ္ဇမင်္ဂလာ - ရှင်ပြုသောမင်္ဂလာ၊
၉။ ကဏ္ဏဝိဇ္ဈနမင်္ဂလာ - နားသသော မင်္ဂလာ၊
၁၀။ ဒုဿဂဟနမင်္ဂလာ - ပုဆိုးထဘီဝတ်သော မင်္ဂလာ၊
၁၁။ စူဠဂဟနမင်္ဂလာ - ဆံထုံးဥသျှောင်ထုံးသော မင်္ဂလာ၊
၁၂။ အာဝါဟဝိဝါဟမင်္ဂလာ - လက်ထပ်မင်္ဂလာ။

တစ်နည်း

၁။ ဝိဇာတမင်္ဂလာ - ပဋိသန္ဓေမှ ဖွားမြောက်အောင်မြင်ခြင်း။
၂။ မုခဒဿနမင်္ဂလာ - ဖွားပြီးသုံးရက်မြောက်သော ကာလ ရတနာသုံးပါးနှင့် ဘိုးဘွားဟူသော နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်ခြင်း။။
၃။ ကေသစ္ဆေဒနမင်္ဂလာ - (၇) ရက်မြောက်သောနေ့၌ ဆံပင်ရိတ်ခြင်း။
၄။ ဒေါလာကရဏမင်္ဂလာ - ကောင်းမြတ်သောနေ့၌ ပုခက်အေးယာဉ်တင်ခြင်း။
၅။ တမ္ဘုလပတ္တမင်္ဂလာ - (၇၅) ရက် မြောက်သောနေ့၌ ကွမ်းဦးခွံ့ခြင်း။
၆။ ရဝိန္ဒုဒဿနမင်္ဂလာ - (၃) လမြောက်သောနေ့၌နေ လတို့ကို ပြခြင်း။
၇။ နာမကရဏမင်္ဂလာ - ရက်ပေါင်း ၁၀၀ မြောက်သော နေ့၌အမည် မှည့်ခြင်း။
၈။ ပထမဘတ္တမင်္ဂလာ - ခြောက်လပြည့်က ထမင်းဦးခွံ့ခြင်း။
၉။ ကေသဗန္ဓနမင်္ဂလာ - သင့်တင့်လျောက်ပတ် အရွယ်၌ဆံဖွဲ့ထုံးခြင်း။
၁၀။ ကဏ္ဏဆိန္ဒမင်္ဂလာ - သင့်တင့်သောအရွယ်၌ နားထွင်းခြင်း။(ကဏ္ဏဝိဇ္ဈန မူကွဲရှိသည်။)
၁၁။ သာသနာနုဂ္ဂဟမင်္ဂလာ - ချိန်ရွယ်ကျရောက်သောအခါ သာသနာသို့သွတ်သွင်းခြင်း။
၁၂။ အာဝါဟဝိဝါဟမင်္ဂလာ - ချိန်ရွယ်ကျရောက်သောအခါ ထိမ်းမြားရခြင်း။