သူယုတ်လက္ခဏာ (၁၈) ပါး

၁။ အနံအလျား ခြားနားမသိသာအောင် ကြီးစွာသော ဖဝါးရှိခြင်း၊
၂။ ပဲ့ပဲ့ကုပ်ကုပ် ပုပ်သော ခြေသည်းလက်သည်းရှိခြင်း၊
၃။ ပါးရေတွန့်လျှော ကျောဝမ်းတစ်ကိုယ်လုံးမှ စက်ဆုပ်ဖွယ် ထမင်းအုပ်ဆွဲသကဲ့သို့ တွဲရရွဲကျသော အသားလည်းရှိခြင်း၊
၄။ အံသွားကျိုးပြတ်၍ အထက်နှုတ်ခမ်းများလည်း ပါးရိုးခိုက်လုနီး ထုကြီးလျက်ရှည်ခြင်း၊
၅။ ပါးစောင်နှစ်ဖက်မှ ယိုထွက်သော အရည်သည် စက်ဆုပ်လိခမန်းရှိခြင်း၊
၆။ မကျိုးဘဲ ကျန်သေးသည့် ရှေ့သွားလည်း နှုတ်ခမ်းသား မဖုံးနိုင်အောင် ခေါခြင်း၊
၇။ ရင်ပိန်ဖျားမောက် ကောက်သော နှာယောင်လည်းရှိခြင်း၊
၈။ အိုးစရည်းလောက်နီးနီး အိုင့်ကြီးသော ဝမ်းလည်းရှိခြင်း၊
၉။ ထွန်ကိုင်းလ ရေးကဲ့သို့ ကောက်ကွေးသော ကျောက်ကုန်းလည်း ရှိခြင်း၊
၁၀။ တစ်ဖက်ကျဉ်းကျယ် မတင့်တယ်သော မျက်စိရှိခြင်း၊
၁၁။ ဖြူနီပြောက်ကျား ဖွားရရွားထသော မုတ်ဆိတ်ကျင်စွယ်ရှိခြင်း၊
၁၂။ ဦးခေါင်း၌ ဆံပင်ည်း ဖြူနီရောထွေး၍ ရွှေရောင်အဆင်းလည်း ရှိခြင်း၊
၁၃။ အခေါက်ထူစွာ တွန့်လိမ်သော အရေရှိခြင်း၊
၁၄။ ရင်ဘတ် လည်ပင်း မျက်နှာ စသည်တို့၌ မှဲ့မည်းပြောက်ကျား၍ စက်ဆုပ်ဖွယ် ရှိခြင်း၊
၁၅။ မွဲပြာသီမှောင် ကြောင်သော မျက်စိ ရှိခြင်း၊
၁၆။ ခါး၊ ကျောက်ကုန်း၊ လည်ကုပ်၊ ဤသုံးပါးသော အရပ်တို့၌ ရှိုင်းချိုင့်ခြင်း၊
၁၇။ အရိုးဆက်မစပ်၍ တဆတ်ဆတ်ခါလျက် ဆာသော သွားခြင်းဖြင့် ခွင်ကောက်သော ခြေလည်းရှိခြင်း၊
၁၈။ ကြီးမြင့်ကြံ့ခိုင်သောကိုယ်၊ ရုန့်ရင်းကြမ်းတမ်းသော အမူအရာရှိခြင်း။