မင်္ဂလာပန်း (၇) မျိုး

မင်္ဂလာဆောင်ပွဲသဘင်၌ ဆောင်သော ယတြာပန်း (၇) မျိုးဖြစ်သည်။ ထိမ်းမြားသောနေ့သည်
၁။ တနင်္ဂနွေနေ့ ဖြစ်မူ ကံ့ကော်ပန်း၊
၂။ တနင်္လာနေ့ ဖြစ်မူ နှင်းဆီပန်း၊
၃။ အင်္ဂါနေ့ ဖြစ်မူ ဇလပ်ပန်း၊
၄။ ဗုဒ္ဓဟူးနေ့ ဖြစ်မူ စံပယ်ပန်း၊ သပြေပန်း၊
၅။ ကြာသပတေးနေ့ ဖြစ်မူ သီး၊ သီသတ်ပန်း၊
၆။ သောကြာနေ့ ဖြစ်မူ ဒန်းပန်း၊ နှင်းပန်း၊
၇။ စနေနေ့ ဖြစ်မူ အုန်းပန်း။