ဘုရားရှင်၏ (၇) နေ့ ဖြစ်စဉ်

၁။ ဝါဆိုလပြည့် ကြာသပတေးနေ့ မယ်တော်မာယာ ဝမ်း၌ သန္ဓေယူ၏။
၂။ မဟာသက္ကရာဇ် ၆၈ ခုနစ် ကဆုန်လပြည့် သောကြာနေ့ လုမ္ဗိနီဥယျာဉ်၌ ဖွားတော်မူ၏။
၃။ ၂၉ နှစ်အရွယ် နတ်တို့ပြသော နိမိတ်လေးပါးကြောင့် သံဝေဂရ၍ ဝါဆိုလပြည့် တနင်္လာနေ့၌ တောထွက်တော်မူ၏။
၄။ ခြောက်နှစ် ကာလပတ်လုံး တရားကျင့်၍ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ အပရာဇိတပလ္လင်တော်ပေါ်၌ ဘုရားအဖြစ်ကို ရတော်မူ၏။
၅။ ဘုရားဖြစ်၍ မိဂဒါသို့ ကြွကာ ပဉ္စဝဂ္ဂီငါးပါးအား ဓမ္မစကြာတရားကို ဝါဆိုလပြည့် စနေနေ့၌ ဟောတော်မူ၏။
၆။ သက်တော် (၈၀) ဝါတော် (၄၅) ဝါ ပြည့်၍ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တွင် ကဆုန်လပြည့် အင်္ဂါနေ့၌ ပရိနိဗ္ဗာန် စံတော်မူ၏။
၇။ ပရိနိဗ္ဗာန်စံတော်မူပြီး၍ ကဆုန်လပြည့်ကျော် (၅) ရက် တနင်္ဂနွေနေ့ ဖြစ်သော (၆) ရက်ပြည့်မြောက်သော ရက်စုံနေ့၌ အလောင်းတော်ကို တေဇောဓာတ် လောင်တော်မူ၏။ (လယ်တီမူ)

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော သူတို့ သေဆုံးကြပါက (ရက်စုံ) မထားဘဲ (မ) ရက်၌သာ သင်္ဂြိုဟ်ကြခြင်းဖြစ်၏။ သို့သော် (၇)ရက်မြောက်သောနေ့မှ တေဇောဓာတ် လောင်တော်မူသည်ဟု မူကွဲရှိသေး၏။ (လယ်တီမူနှင့် မကိုက်)
(လယ်တီဆရာတော်ဘုရားကြီး စီရင်တော်မူသော (၇) နေ့ ဖြစ်တော်စဉ်)