သံဃာဒိသေသ် (၁၃) ပါး

၁။ သုက္ကဝိဿဋ္ဌိသိက္ခာပုဒ် - (ရှင်သေယျသယ) လုံ့လပြု၍ သုက်လွှတ်စေမှုကို ပညတ်ခြင်း။
၂။ ကာယသံသဂ္ဂသိက္ခာပုဒ် - (ရှင်ဥဒါယီ) မိန်းမများကို ကိုင်တွယ်သဖြင့် ပညတ်ဖြင့်။
၃။ ဒုဋ္ဌုလ္လဝါစာသိက္ခာပုဒ် - (ရှင်ဥဒါယီ) မိန်းမများအား ယုတ်မာသော စကားပြောဆို၍ ပညတ်ခြင်း။
၄။ အတ္တကာမပါရိစရိယသိက္ခာဒ်ပုဒ် - (ရှစ်ဥဒါယီ) မိန်းမထံ၌ မေထုန်အလှူခံ၍ ပညတ်ခြင်း။
၅။ သဉ္စရိတ္တသိက္ခာပုဒ် - (ရှင်ဥဒါယီ) အမျိုးသမီးနှင့် အမျိုးသားများကို အောင်သွယ်ပေး၍ ပညတ်ခြင်း။
၆။ ကုဋိကာရသိက္ခာပုဒ် - (အာဠာဝီတိုင်းသား ရဟန်းများ) သည် ဒါယကာများထံ၌ ပစ္စည်းပစ္စယ တောင်းရမ်းခြင်းကို ပညတ်ခြင်း။
၇။ ဝိဟာရကာရသိက္ခာပုဒ် - (အရှင်ဆန္ဒ) ကျောင်းဆောင်လို၍ ဒါယကာများအား သစ်ခုတ်ခိုင်းခြင်းကို ပညတ်ခြင်း။
၈။ ဒုဋ္ဌဒေါသသိက္ခာပုဒ် - (မေတ္တိယဘူမဇက) ရဟန်းများသည် အရှင်ဒဗ္ဗကို ပါရာဇိကဖြင့် စွပ်စွဲခြင်းကို ပညတ်ခြင်း။
၉။ ဒုတိယဒုဋ္ဌဒေါသသိက္ခာပုဒ် - (မေတ္တိယဘူမဇက) ရဟန်းများသည် အရှင်ဒဗ္ဗကို ပါရာဇိကဖြင့် ဒုတိယအကြိမ် စွပ်စွဲခြင်းကို ပညတ်ခြင်း။
၁၀။ သံဃဘေဒကသိက္ခာပုဒ် - (ရှင်ဒေဝဒတ်) သံဃာသင်းခွဲမှုကိုပညတ်ခြင်း။
၁၁။ ဘေဒါနုဝတ္တကသိက္ခာပုဒ် - (ရှင်ကောကာလိကစသော) ရဟန်းများသည် ရှင်ဒေဝဒတ်၏သံဃာသင်းခွဲမှုကို အားပေးသဖြင့် ပညတ်ခြင်း။
၁၂။ ဒုဗ္ဗစသိက္ခာပုဒ် - (အရှင်ဆန္န) ဝိနည်းနှင့်ဆုံးမသည်ကို မနာခံ၍ ပညတ်ခြင်း။
၁၃။ ကုလဒူသကသိက္ခာပုဒ် - (အဿဇိနပုဗ္ဗသုက) ရဟန်းများသည် ဒါယကာများအား သဒ္ဓါတရားပျက်စီးအောင် ပြုသည့်အတွက် သာသနာမှ နှင်ထုတ်၍ ပညတ်ခြင်း။