ဝေသာရဇ္ဇဉာဏ်တော် (၄) ပါး

၁။ ဗုဒ္ဓတ္တဝေသာရဇ္ဇ - ငါသည် ခပ်သိမ်းသော တရားအပေါင်းတို့ကို သိတတ်သော ဘုရား၏ အဖြစ်သို့ ရောက်လေပြီဟု ဝန်ခံခြင်း။( ပဉ္စဝဂ္ဂီရဟန်းတို့အား ဓမ္မစကြာတရားတော် ဟောခါနီးတွင် ဘုရားဖြစ်မှန်း မသိကဟောပချေသော် အကျိုးမရှိဟု သိ၍ ဝန်ခံခြင်း)
၂။ အာသဝက္ခယ- အာသဝေါတရားလေးပါးစသော အညစ်အကြေး အကုသိုလ်တရား အပေါင်းကို အရဟတ္တဉာဏ်တော်ဖြင့် ပယ်ဖျက်သင့်သောတရားတို့ကို ကုန်ပြီဟူ၍ ဝန်ခံခြင်း။
၃။ အန္တရာယ၊ ပဉ္စာနန္တရိက်၊ နိယတမိစ္ဆာဒိဋ္ဌိ စသော အန္တရာယ်ကြီးများကို ဤတရားအစုသည် စျာန်မဂ်ဖိုလ်၏ အန္တရာယ်ဟူ၍ လည်းကောင်း၊ ထိုမှတစ်ပါး နတ်ရွာနိဗ္ဗာန်၏ ဘေးအန္တရာယ်များကို သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ်ဟူ၍ လည်းကောင်း၊ ဟောတော်မူသော အန္တရာယ်လေးပါးကို အန္တရာယ်မဟုတ်ပါဟု ဆိုနိုင်မည့်သူကို မြင်တောမမူဟု ရဲဝံ့စွာဆိုခြင်း။
၄။ နိယျာန၊ သီလ၊ သမာဓိ၊ ပညာ ဟူသော သိက္ခာ ၃ ပါး နိယျာနိကမဂ္ဂဝဋ် သုံးပါးမှ ထွက်မြောက်ကြောင်း လမ်းခရီးဟူ၍ ညွှန်ပြရာ၌ တစ်စုံတစ်ယောက်သောသူသည် ဤလမ်းကို လိုက်သော်လည်း မထွက်မြောက်ပါဟု အကြောင်းနှင့် တကွ ဆိုနိုင်မည်ကို မြင်တော်မမူခြင်း။