သက္ကာယဒိဋ္ဌိ (၂၀) ပါး

၁။ ရုပ်သည်ပင်လျှင် ငါ၊
၂။ ငါသည်ပင်လျှင် ရုပ်၊
၃။ ရုပ်၌ ငါရှိသည်၊
၄။ ငါ၌ ရုပ်ရှိသည်၊
ကျန်ခန္ဓာတို့၌လည်း ဤနည်းအတိုင်း ၄ ပါးစီယူပါက (၂၀) ဖြစ်သည်။
ပုံ - ဝေဒနာသည်ပင်လျှင် ငါ၊ ငါသည်ပင်လျှင် ဝေဒနာ၊ ဝေဒနာ၌ ငါရှိသည်၊ ငါ၌ ဝေဒနာရှိသည် ဟူ၏။ သညာ၊ သင်္ခါရ၊ ဝိညာဉ်တို့၌လည်း ဤနည်းအတိုင်းပင် ယူပါလေ။