ယုတ်မာ သော မယားအင်္ဂါ (၂၅ )ပါး

၁။ သာမိကဿ - အရပ်တစ်ပါးသို့ လင်သွားခြင်းကို ချီးမွမ်း၏။
၂။ ပဝုတ္တံ - အရပ်တစ်ပါး၌ လင်ရောက်နေသည်ကို မအောက်မေ့။
၃။ အာဂတံ - အရပ်တစ်ပါးမှ လင်ရောက်လာသည်ကို မနှစ်သက်။
၄။ အဝဏ္ဏံ - လင်၏ ကျေးဇူးမဲ့ကို ပြောဆို၏။
၅။ ဝဏ္ဏံ - လင်၏ကျေးဇူး အကျိုးကို မပြောဆို။
၆။ အနတ္တံ - လင်၏ အကျိုးမဲ့ကို ကျင့်၏။
၇။ အတ္ထံ - လင်၏ အကျိုးကို မကျင့်။
၈။ အကိစ္စ- မပြုလုပ်သင့်သည်ကို ပြုလုပ်၏။
၉။ ကိစ္စံ - ပြုသင့်သည့် လင်၏ ကိစ္စကို မပြုလုပ်။
၁၀။ ပရိဒဟိတွာ - ခါးဝတ်တို့ကို မြဲစွာ ဝတ်၍ အိပ်၏။
၁၁။ ပရမ္မုခီ - လင်ကို ကျောပေး၍ အိပ်၏။
၁၂။ ပရိဝတ္တက - တစ်ပြောင်းတစ်ပြန် လူးလှိမ့်တတ်၏။
၁၃။ ကုင်္ကုမိယ ဇာတာ - အုတ်အုတ်ကျက်ကျက်ဖြစ်၍ ရှည်သော ထွက်သက် ဝင်သက်ဖြစ်၏။
၁၄။ ဒုက္ခံ - ဆင်းရဲဝေဒနာကို ကြားတတ်၏။(ညည်းညူ၏)
၁၅။ ဥစ္စာရပဿဝံ - ကျင်ကြီး၊ ကျင်ငယ်၊ မကြာမကြာ စွန့်တတ်၏။
၁၆။ ဝိလောပံ - ဖောက်ပြန်သော အကျင့်ကို ကျင့်တတ်၏။
၁၇။ ပရပုရိသသဒ္ဒံ - တစ်ပါးသော ယောက်ျား၏ အသံကို ကြားကနားစွင့်၍ ထောင်တတ်၏။
၁၈။ နိဟတဘောဂ - စည်းစိမ်ဥစ္စာကို ဖျက်ဆီးတတ်၏။
၁၉။ ပဋိဝိသကေဟိ - ကိလေသာအစွမ်းဖြင့် အိမ်နီးချင်းယောက်ျားတို့နှင့် ရောယှက်တတ်၏။
၂၀။ နိက္ခန္တပါဒါ - ထွက်သွားသောခြေရှိ၏။
၂၁။ ဝိသိခါနုစာရိနီ - အခါမဲ့ဖြစ်သော ညမှ သွားလေ့ရှိ၏။
၂၂။ အဘိစာရိနီ ခေါပန - လင်မြှောင်ထားတတ်၏။
၂၃။ အဂါရဝါ - လင်၌ ရိုသေခြင်းမရှိ၊ ပြစ်မှားလိုသော အကြံဖြင့် တံခါးဝ၌ အမြဲရပ်လျက်ရှိ၏။
၂၄။ ကစ္ဆာဒီနိ - လျှို့ဝှက်အပ်သော အင်္ဂါကြီးငယ်တို့ကို ပြတတ်၏။
၂၅။ ဒိသောဒိသံ - ထိမှ ဤမှ ကြည့်တတ်၏။ (မျက်လုံးကစားခြင်း။)
(၅၅၀ - မဟာ ကုဏာလဇာတ်မှ ဖြစ်၏။)