နတ်ပြည် (၆) ထပ်

၁။ စာတုမဟာရာဇိကာနတ်ပြည် - နတ်သက်သည် နတ်တို့၏အရေအတွက်အားဖြင့် ၅၀၀၊ လူတို့၏ အရေအတွက်အားဖြင့် အနှစ်ကိုးသန်း။
၂။ တာဝတိံသာနတ်ပြည် - နတ်သက် ၂၀၀၀/ ၁၀၀၀ လူတို့ နှစ်အရေအတွက်အားဖြင့် ၃၆ သန်း။
၃။ ယာမာနတ်ပြည် - ၈၀၀၀/ ၂၀၀၀ လူတို့ နှစ်အရေအတွက်အားဖြင့် ၁၄၄ သန်း။ (သို့သော်) စတုမဟာရာဇ် ၂ ရက်သည် ၊ တာဝတိံသာ၌ ၁ ရက်သာ ဖြစ်၏။ ယင်းသို့ အထက် နတ်တို့သည် ၂ ရက်လျှင် ၁ရက်သာ အဆင့်ဆင့် နေ့တာရှည်ကြာသဖြင့်.....
၄။ တုသိတာနတ်ပြည် - နတ်သက် ၃၂၀၀၀/၄၀၀၀ လူတို့ နှစ်အရေအတွက်အားဖြင့် ၅၇၆ သန်း။
၅။ နိမ္မာနရတိနတ်ပြည် - နတ်သက် ၁၂၈၀၀၀/ ၈၀၀၀ လူတို့ နှစ်အရေအတွက် အားဖြင့် ၂၃၀၄ သန်း။
၆။ ပရနိမ္မိတဝသဝတ္တီနတ်ပြည် - နတ်သက် ၅၁၂၀၀၀/၁၆၀၀၀ လူတို့ နှစ်အရေအတွက်အားဖြင့် ၉၂၁၆ သန်း။
တတော စတုဂ္ဂုဏံ - ဟူသော ပုဒ်အရ နတ်ပြည်သည် တစ်ဆင့်ထက်တစ်ဆင့် ၄ ဆတက်၍ များ၏ (သို့သော်) နတ်ပြည်သည် တစ်ဆင့်ထက်တစ်ဆင့်ရက်ချင်းမတူဘဲ ၂ ဆ ၂ဆ ပို၍ ရှည်ကြာသဖြင့် နတ်တို့၏ နှစ်အားဖြင့် ၅၀၀၊ ၁၀၀၀၊ ၄၀၀၀၊၈၀၀၀၊ ၁၆၀၀၀ ဟူ၍ ၂ ဆသာ ကွာပြီး ပကတိ နတ်သက်အားဖြင့် ရှိကြ၏။
(သင်္ဂြိုဟ်မှလာ)