သမားတော်ဂုဏ်အင်္ဂါ (၅) ပါး

၁။ ဝေဒပဏ္ဍိတ - ရာသီ၊ နက္ခတ်၊ ဗေဒင်၊ ယတြာ တတ်ကျွမ်းရခြင်း။
၂။ ဘိသက္ကဆေက - ဆေးပေးဆေးကုသမှု၌ ကျွမ်းကျင်ရခြင်း။
၃။ နာနာသတ္ထဒက္ခ- ဆေးကျမ်းကောင်းအရပ်ရပ်တို့ကို တတ်သိလိမ္မာရခြင်း။
၄။ ဥပဓိသမ္ပတ္တိ - ကြည်ညိုအားထားဖွယ် တင့်တယ်သော ရုပ်ဆင်းနှင့် ပြည့်စုံခြင်း။
၅။ ဗြဟ္မစာရီ - ဗြဟ္မစိုရ်တရား လက်ကိုင်ထား၍ ကံငါးပါးလုံခြုံသူဖြစ်ရခြင်း။

တစ်နည်း

၁။ ဗိန္ဓော - ဆေးကျမ်း အစောင်စောင်တို့ကို နားလည်ခြင်း။
၂။ ဒက္ခ - ဆေးကုခြင်း၌ တတ်မြောက်လိမ္မာရခြင်း။
၃။ ပိယဒဿာ - အရေအဆင်း သန့်ရှင်းစင်ကြယ်ရခြင်း။
၄။ သေဋ္ဌသီလဂုဏော ပေတော - အကျင့်သီလနှင့် ပြည့်စုံရခြင်း။
၅။ အာယုဗေဒသတ္တု - ဗေဒင်ပညာကို တတ်မြောက်ခြင်း။