ဗုဒ္ဓကိစ္စ (၅) ပါး

၁။ ပုရေဘတ္တကစ္စ - နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင်တို့အား အခွင့်အားလျော်စွာ အနုမောဒနာပြုခြင်းကိစ္စ။
၂။ ပစ္ဆာဘတ္တကိစ္စ - နေလွဲအခါ ညပိုင်း၌ပူဇော်ရန်လာကြသော ဒါယကာ ဒါယိကာမတို့၏ အပူဇော်ကိုခံလျက် အခွင့်အားလျော်စွာ ဒေသနာဓမ္မဟောပြတော်မူခြင်းကိစ္စ။
၃။ ပုရိမယာမကိစ္စ - ညဉ့်ဦးယံ၌ ရဟန်းပရိတ်တို့အား တရားဟောခြင်း၊ ကမ္မဋ္ဌာန်းပေးခြင်း စသောကိစ္စ။
၄။ မဇ္ဈိမယာမကိစ္စ - သန်းခေါင်ယံ၌ စကြဝဠာ တိုက်တစ်သောင်းမှ စည်းဝေးလာရာက်ကုန်သော နတ်ဗြဟ္မာအပေါင်းတို့၏ အမေးပုစ္ဆာပြဿနာတို့ကို ဖြေဆိုတော်မူခြင်းစသောကိစ္စ။
၅။ ပစ္ဆိမယာမကိစ္စ - မိုးသောက်ယံ၏ သုံးစုတစ်စုတွင် ပထမအစု၌ စင်္ကြံကြွတော်မူခြင်း၊ ဒုတိအစု၌ သီဟသေယျဖြင့် လက်ယာနံတောင်း လျောင်းစက်တော်မူခြင်း၊ တတိယအစု၌ မဟာကရုဏာတော်ဖြင့် စတုတ္ထဈာန်သမာပတ်ကို ဝင်စားတော်မူ၍ ထိုမဟာကရုဏာ သမာပတ်မှထတော်မူပြီးလျှင် အရုဏ်တတ်ခါနီး၌ ယနေ့ချွတ်ထိုက်သော သတ္တဝါကို ဗုဒ္ဓစက္ခုဉာဏ်တော်ဖြင့် လောကသုံးပါးကို ကြည့်ရှုတော်မူခြင်းကိစ္စ။