သမားအင်္ဂါ (၁၂) ပါး

၁။ နာနာနယသုဂန္ထ - အထူးထူးသော ဆေးကျမ်းတို့ကို တတ်သိခြင်း၊
၂။ ဒိဋ္ဌကမ္မသမ္ပန္န - လက်တွေ့ကုထုံးဥပဒေသရှိခြင်း၊
၃။ ဒက္ခ - ဆေးကုအရာ လိမ္မာခြင်း၊
၄။ ဟတ္ထသီဃံ - အကိုင်အတွယ် လက်လျင်မြန်ခြင်း၊
၅။ ပရပသန္န - သူတပါးတို့၏ ကြည်ညိုလေးမြတ်ရှိထိုက်ခြင်း၊
၆။ သူရသတ္တိ - မကြောက်မလန့် ခံ့ခံ့မားမား ရဲရင့်သော တရားရှိခြင်း၊
၇။ ပဋိသန္ဓိဉာဏ - ပင်ကို ပဋိသန္ဓေဉာဏ်ကောင်းခြင်း၊
၈။ ပစ္စုပ္ပန္နဉာဏ - ပစ္စုပ္ပန်ဉာဏ် ပါရမီသမ္ဘာရနှင့် ပြည့်စုံခြင်း၊
၉။ သုဘာသိတ - သာယာနာပျော်ဖွယ် စကားချိုသာခြင်း၊
၁၀။ ဥဿဟ - ထကြွလုံ့လရှိခြင်း၊
၁၁။ ဒဗ္ဗ - ဆေးကောင်းဝါးကောင်းရှိခြင်း၊
၁၂။ သစ္စာ - မှန်ကန်လှစွာ သစ္စာတရားရှိခြင်း။