ပဋိသမ္ဘိဒါ ဉာဏ်ရကြောင်း အင်္ဂါ (၈) ပါး

၁။ ပုဗ္ဗယောဂ = ရှေးဘဝ၌ ၎င်းဉာဏ်မျိုးစေ့ ထူထောင်ဆုတောင်းစိုက်ပျိုးခဲ့ခြင်း။
၂။ ဗာဟုသစ္စ = အကြားအမြင်များခြင်း။
၃။ ဒေသိယဘာသာဆေက = ဒေသအမျိုးမျိုးတို့၌ ပြောကြားသော ဘာသာစကား အမျိုးမျိုးတို့ကို တတ်သိလိမ္မာခြင်း။
၄။ အာဂမ = မြတ်စွာဘုရား၏ ပါဠိတော်ကို အာဂုံဆောင်ခြင်း။
၅။ ပရိပုစ္ဆာ = ပဠိတော် အဋ္ဌကထာတို့၌ မေးမြန်းလေရှိခြင်း။
၆။ အဓိဂမ = ဈာန် မဂ် ဖိုလ်တရားကိုရခြင်း။
၇။ ဂုရုသန္နိဿယ = ဗဟုသုတ ပြည့်စုံသော ဆရာ့ထံပါး၌ ဆည်းကပ်ခစားခြင်း။
၈။ မိတ္တသမ္ပတ္တိ = ပညာရှိ မိတ်ဆွေကောင်းတို့နှင့် ပြည့်စုံခြင်း။