သင်္ဂဟတရား (၄) ပါး

၁။ ဒါန - လှူဒါန်းပေးကမ်းခြင်း။
၂။ ပိယဝါစာ - (ပေယျဝဇ္ဇ ) ချစ်ဖွယ်သော စကားကို ပြောဆိုခြင်း။
၃။ အတ္ထစရိယ - နှစ်ဖက်အကျိုးကို ကြည့်၍ ပြုကျင့်ခြင်း။
၄။ သမာနတ္တတာ - ကိုယ်နှင့်အတူထား၍ မျှတစွာ ဆောင်ရွက်ခြင်း။
(စတုက္က အင်္ဂုတ္တိုရ်၊ ၆ - အဘိညာဝဂ် ၊ ၃ - သင်္ဂဟဝတ္ထု သုတ်)

မင်းကျင့်
၁။ သဿမေဓ - လယ်မှ ထွက်သော အသီးအနှံများကို ဆယ်ဖို့တစ်ဖို့သာ အခွန်ခွဲခန့်ကောက်ယူခြင်း။
၂။ ပုရိသာမေဓ - စစ်သည်အမှုထမ်းတို့အား မျိုးရိက္ခာလစာ ပေးကမ်းချီးမြှင့်ခြင်း။
၃။ ဝါစာပေယျ - သာယာချေငံစွာပြောဆိုခြင်း။
၄။ သမ္မပါသ - ဆင်းရဲသားတို့အား အတိုးမယူဘဲ အရင်းအနှီးကို သုံးနှစ်တိုင် ချေးငှားထုတ်ပေးခြင်း။