ဓုတင် (၁၃) ပါး

၁။ ပံသုကူဓုတင် - မြေမှုန့်တို့ဖြင့် ကပ်ငြိ၍နေသောသင်္ကန်း။
၂။ တိစီဝရိက်ဓုတင် - သုံးထည်သော ဒုကုဋ် ဧကသီ သင်းပိုင် သင်္ကန်း။
၃။ ပိဏ္ဍပါတ်ဓုတင် - လောင်းလှူ၍ သပိတ်၌ကျသော ဆွမ်း။
၄။ သပဒါနစာရိက်ဓုတင် - အိမ်စဉ်လှည့်လည်၍ ဆွမ်းသုံးဆောင်ခြင်း။
၅။ ဧကာသနိက်ဓုတင် - တနေရာတည်း၌သာ ဆွမ်းသုံးဆောင်ခြင်း။
၆။ ပတ္တပိုဏ်ဓုတင် - သပိတ်တခုတည်း၌သာ ဆွမ်းသုံးဆောင်ခြင်း။
၇။ ခလုပစ္ဆာဘတ်ဓုတင် - ဆွမ်းစာနေစဉ် နောက်ထပ် လောင်းလှူသောဆွမ်းကို ပယ်ခြင်း။
၈။ အရညကင်ဓုတင် - တော၌နေခြင်း တော၌အရုဏ်ခံခြင်း။
၉။ ရုက္ခမူဓုတင် - အမိုးအကာပယ်၍သစ်ပင်အောက်၌ တရားကျင့်ခြင်း။
၁၀။ အဗ္ဘောကာသိကဓုတင် - အမိုးအကာပယ်၍ လွင်တီးခေါင်၌ တရားကျင့်ခြင်း။
၁၁။ သောကနိကဓုတင် - သုသာန်၌ တရားကျင့်ခြင်း။
၁၂။ ယထာသန္ထတိဓုတင် - ညွန်ပြသောကျောင်း ညွန်ပြသော အိပ်ရာ၌နေခြင်း။
၁၃။ နေသဇ္ဇိကဓုတင် - အပ်ရာခေါင်းအုံး၌ ခေါင်းချ၍မအိပ်ပဲ ထိုင်၍ကျင့်ခြင်း။