နှစ်သက်စေကြောင်း တရား (၄) ပါး

၁။ အလိုရမ္မက် ကြီးသူကို ဥစ္စာပေးကမ်းသဖြင့် နှစ်သက်စေရာ၏။
၂။ ဂုဏ်မာန်ခက်ထန်သူကို လက်အုပ်ချီ၍ နှိပ်ချသဖြင့် နှစ်သက်စေရာ၏။
၃။ မိုက်မဲသောသူကို အလိုလိုက်သဖြင့် နှစ်သက်စေရာ၏။
၄။ ပညာရှိသူကို မှန်သော စကားဆိုသဖြင့် နှစ်သက်စေရာ၏။