သက္ကရာဇ်ဖြိုသော မင်း (၇) ပါး

၁။ အာကာရဋ္ဌမင်းကြီးလက်ထက် ကမ္ဘာဦးကာလမှ စ၍ "မဟာသုဒ္ဓဝယပ္ပ" ဟူသော ပိဋကတ် သင်္ချာကိန်းနှင့်အညီ သက္ကရာဇ် (၁၁၄၉၇၈၅) ခုနှစ်ကို ဖြိုခဲ့သည်။
၂။ ကုသမင်းကြီးလက်ထက်တွင် "နာတိမဇလဒ္ဓံဝိယ" ဟူသော ပိဋကတ်သင်္ချာကိန်းခန်းနှင့်အညီ သက္ကရာဇ် (၁၄၉၃၈၅၆၉) ခုနှစ်ကို ဖြိုခဲ့လေသည်။
၃။ ဘိုးတော် အဉ္ဇနမင်းကြီးသည် ဒေဝီလရသေ့နှင့် တိုင်ပင်ကာ "မာဃစန္ဒေ" သို့မဟုတ် "ဏဝစန္ဒေ" ဟူသော ပိဋကတ်သင်္ချာကိန်းနှင့်အညီ (၈၆၄၅) ခုနှစ်ကို ဖြိုခဲ့လသည်။
၄။ အဇာတသတ်မင်းကြီးသည် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသောအခါ သာသနာနှင့် ကောဇာနှစ် ညီစေရန် ရှင်မဟာကဿပမထေရ်နှင့် တိုင်ပင်ကာ "ဒေဝီယ" ဟူသော ပိဋကတ်သင်္ချာကိန်းနှင့်အညီ သက္ကရာဇ် (၁၄၈) ခုနှစ်ကို ဖြိုလိုက်ပြန်သည်။
၅။ သုမုန္ဒရီမင်းကြီးသည် သီရိခေတ္တရာပြည်ကြီး၌ သက္ကရာဇ် (၆၂၄) ခုနှစ် ရောက်သောအခါ "ဒေါဒေါရသ" ကိန်းခန်းအရ (၂) ခုကြွင်းထား၍ သက္ကရာဇ် (၆၂၂) ခုနှစ်ကို ဖြိုလိုက်ပြန်လေသည်။
၆။ ပုပ္ပါးစောရဟန်းမင်းကြီးသည် ပုဂံပြည်၌ သက္ကရာဇ် (၅၆၂) ခုနှစ်တွင် "အလံဗိတ" ကိန်းကြုံ၍ "စဆပဉ္စန်း" နှစ်ခေါ်သော (၅၆၀) တို့ကို (၂) ခုကြွင်းထားလျက် ဖြိုလိုက်လေသည်။
၇။ မိုးညှင်းမင်းတရားကြီးသည် သက္ကရာဇ် (၈၀၀) ခုနှစ်အရောက်တွင် "အဋ္ဌနဝ သတ္တကိန်း" သို့မဟုတ် "ဗသျှူဆိန္ဒိမုနီ" ကိန်းအရ (၇၉၈) ခုနှစ်တို့ကို ဖြိုပြန်သော်လည်း ကိန်းခန်းမရောက်၍ မပြိုမကျဟု ပညာရှိတို့ ဆိုကြကုန်၏။