ဗြာဟ္မဏအစစ်ဖြစ်ကြောင်း အင်္ဂါ (၇) ပါး

၁။ ဗာဟိတပါပဓမ္မော - မကောင်းမှုကို အပပြုပြီးဖြစ်ခြင်း၊
၂။ နိဟုံဟုင်္ကော - တဟုန်းဟုန်း မာန်မူမှု ကင်းစင်ခြင်း၊
၃။ နိက္ကသာဝေါ - ကိလေသာအစွန်းအငြိမှ ကင်းစင်ခြင်း၊
၄။ ယတတ္တော - သီလစောင့်ထိန်း၍ သမထဝိပဿနာ နှစ်ဖြာသော အကျင့်ရှိခြင်း၊
၅။ ဝေဒန္တဂူ - အရဟတ္တဖိုလ် (နိဗ္ဗာန်) သို့ ရရောက်ပြီးခြင်း၊
၆။ ဝုသိတဗြဟ္မစရိယ - မှန်ကန်သော မဂ်အကျင့်ကို ကျင့်သုံးပြီးပြီ၊
၇။ ဥဿဒါနတ္ထိ - ရာဂ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိဟူသော ဥဿဒတရားငါးပါး မရှိခြင်း။
ဤတရားခုနစ်ပါးနှင့် ပြည့်စုံသူကို ဗြာဟ္မဏဟု ခေါ်သည် ဟူ၏။