မြမျိုး (၈) ပါး

၁။ ဓူလီ = စိမ်းစိမ်းမွဲမွဲ ခဝဲပွင့် သဏ္ဍာန်ရှိသည်။
၂။ ဓူလာ = စိမ်းစိမ်းပြာပြာအဆင်း ရှိသည်။
၃။ ကွတ္တရာ = အရောင်အဆင်း ဝင်းဝင်းရှိသည် စိမ်းသည်။
၄။ သွာခါ = ကျေးတောင်အဆင်း သဏ္ဍာန်ရှိသည်။
၅။ ကာလော = အစိမ်းအတွင်းအမည်းပြောက်ရှိသည်။
၆။ ဝင်သဝတ် = အဆင်းဝင်းဝင်း ဟွန်းဟွန်းရှိသည်။
၇။ ခံမြ = ဝင်းဝင်းမှည့်မှည့် ရှိသည်။
၈။ ကိတ္တပတ် = အဆင်းမိုးရေမြှပ် အဖပ်ကဲ့သို့ ရှိသည်။