သုစရိုက် (၁၀) ပါး

၁။ ပါဏာတိပါတ ဝိရတီ - သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏။
၂။ အဒိန္နာဒါန ဝိရတီ - သူ့ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်၏။
၃။ ကာမေသုမိစ္ဆာစာရဝိရတီ - သူ့သားအိမ်ယာ ကျူးလွန်ခြင်းမှရှောင်ကြဉ်၏။
၄။ မုသာဝါဒဝိရတီ - မဟုတ်မမှန် ပြောဆိုမှုမှ ရှောင်ကြဉ်၏။
၅။ ပိသူဏဝါစာ ဝိရတီ - ချောပစ်ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်၏။
၆။ ဖရုသဝါစာ ဝိရတီ - ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှရှောင်ကြဉ်၏။
၇။ သမ္ဖပ္ပလာပဝိရတီ - အကျိုးမရှိသော စကားပြောဆိုခြင်းမှရှောင်ကြဉ်၏။
၈။ အနဘိဇ္ဓျာ - သူတပါးချမ်းသာမှုကို လိုလားခြင်း။
၉။ အဗျာပါဒ - ကျိန်ဆဲမှု မရှိခြင်း။
၁၀။ သမ္မာဒိဋ္ဌိ - အယူဖြောင့်မှန်ခြင်း။
(အင်္ဂုတ္ထိုရ် - မာတုဂါမသုတ်)