သပ္ပုရိသဂုဏ် အင်္ဂါ (၇) ပါး

၁။ ပိယဂုဏ် - သတ္တဝါမှန်သမျှ ချစ်မြတ်နိုးလှခြင်း၊
၂။ ဂုရုဂုဏ် - ကမ္ဘာသားအားလုံးတို့ လေးစားနိုင်သော ကိုယ်ကျင့်သိက္ခာရှိရခြင်း၊
၃။ ဘာဝနိယဂုဏ် - ဝေဖန်သုံးသပ်နိုင်သော ဉာဏ်ရှိရခြင်း၊
၄။ ဝတ္တဂုဏ် - မေးသမျှ ချေပဖြေဆိုနိုင်မှု ရှိရခြင်း၊
၅။ ဝစနက္ခမဂုဏ် - မေးမြန်း ပြောဆိုသမျှ သည်းခံနိုင်ရခြင်း၊
၆။ ဂမ္ဘီရဂုဏ် - နက်နဲခက်ခဲသော တရားမြတ်ကို ဟောကြားထုတ်ဖော်ပြနိုင်မှု ရှိရခြင်း၊
၇။ နောစဌာနဂုဏ် - မလျော်ရာဌာန၌ မဟောပြ မတိုက်တွန်းမှု ရှိရခြင်း။