ယောက်ျားမြတ် လက္ခဏာ (၃၂) ပါး

၁။ ညီညွတ်စွာရှိသော ညီညွတ်စွာထိသော ခြေဖဝါးရှိခြင်း။
၂။ ခြေဖဝါးအပြင်၌ အကန့်တစ်ထောင်ရှိသော စက်ဝန်းတို့ ဖြစ်ပေါ်ခြင်း။
၃။ ရှည်သော ဖနောင့် ရှိခြင်း။
၄။ ရှည်သွယ်သော လက်ချောင်း ခြေချောင်း ရှိခြင်း။
၅။ နူးညံ့နုနယ်သော ခြေဖဝါး၊ လက်ဖဝါးရှိခြင်း။
၆။ ကွန်ရက်ပမာ ညီညာသော လက်ချောင်း၊ ခြေချောင်းရှိခြင်း။
၇။ ဖမျက်မြင့်သော ခြေရှိခြင်း။
၈။ ဧဏသားကောင်၏ သလုံးမြင်းခေါင်းကဲ့သို့ သလုံးမြင်းခေါင်းရှိခြင်း။
၉။ မကိုင်းညွှတ်ဘဲ နှစ်ဖက်သော လက်ဝါးပြင်တို့ဖြင့် ပုဆစ်၊ ဒူးတို့ကို သုံးသပ်နိုင်ခြင်း။
၁၀။ အအိမ်ဖုံးလွှမ်းသော ပုရိသနိမိတ် ရှိခြင်း။
၁၁။ ရွှေအဆင်းနှင့်တူသော အသားအရေ ရှိခြင်း။
၁၂။ ချောမွေ့သော အသားအရေ ရှိခြင်း။
၁၃။ တစ်ပင်ချင်းပေါက်သော မွေးညှင်းရှိခြင်း။
၁၄။ မွေးညှင်းတို့သည် လက်ျာရစ်လည်၍ အထက်သို့ ကော့တက်လျက်ပေါက်၏။
၁၅။ ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိ၏။
၁၆။ အရပ် (၇) ပါး၌ အသားဖြိုးမောက်ခြင်းရှိ၏။
၁၇။ ခြင်္သေ့ကိုယ် ရှေ့ပိုင်းနှင့်တူသော ကိုယ်ရှိ၏။
၁၈။ လက်ပြင်နှစ်ဖက်အကြား၌ ပြည့်ဖြိုးသော ကျောပြင်ရှိ၏။
၁၉။ ပညောင်ပင်ဝန်းကဲ့သို့ ဝန်းသောကိုယ်ရှိ၏။
၂၀။ ညီညာစွာလုံးသော လည်ပင်းလည်တိုင် ရှိ၏။
၂၁။ အရသာကိုဆောင်သော အလွန်ကောင်းမြတ်သော အကြောရှိ၏။
၂၂။ ခြင်္သေ့၏ မေးနှင့်တူသော မေးရှိ၏။
၂၃။ လေးဆယ်သော သွားရှိ၏။
၂၄။ ညီညွတ်သော သွားရှိ၏။
၂၅။ မကျဲသော သွားရှိ၏။
၂၆။ အလွန်ဖြူစင်သော စွယ်တော်လေးချောင်းရှိ၏။
၂၇။ကြီးမားရှည်လျား နူးညံ့သောလျှာ ရှိ၏။
၂၈။ ဗြဟ္မဿရ (သို့မဟုတ်) ကရဝိက်သံနှင့်တူသော အသံရှိ၏။
၂၉။ အလွန်ညိုသော မျက်လုံးရှိ၏။
၃၀။ နွားငယ် မျက်တောင်နှင့်တူသော မျက်တောင်ရှိ၏။
၃၁။ မျက်မှောင် နှစ်ခုအကြား၌ နူးညံ့သော ဝါဂွမ်းနှင့်တူသော ဥဏ္ဏလုံမွေးရှင် ပေါက်လျက်ရှိ၏။
၃၂။ သင်းကျစ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိ၏။
(ဒီဃနိကာယ် မဟာဝါ ပါဠိတော်)