ယောက်ျားမြတ်၏ လက္ခဏာတော်ငယ် (၈၀) ပါး

၁။ ဘုရားရှင်၏ လက်ချောင်း ခြေချောင်းတော်များက အကြားမထင်အောင်စေ့စပ်ပြည့်ဖြိုး၏ ။
၂။ အစဉ်အတိုင်း အဖျားသွယ်၏ ။
၃။ ရွှေပွတ်ကိုင်ကဲ့သို့ လုံး၏။
၄။ လက်သည်းခြေသည်းတော်များက ပတ္တမြားအသွေးကဲ့သို့ တွေးတွေးနီမြန်း၏ ။
၅။ မြင့်ခုံး၏။
၆။ နူးညံ့ပြေပြစ်၏။
၇။ ခြေချောင်းတော်များ အားလုံး တညီတည်းရှိ၏။
၈။ ဖမျက်တော်ကား ငေါစူးမထင် အစဉ်အတိုင်း ပြေပြစ် ချောမွတ်၏။
၉။ ကြွသွားတော်မူပုံမှာ ဆင်မင်း၏သွားခြင်းကဲ့သို့ ယဉ်ကျေး၏။
၁၀။ ခြင်္သေ့မင်း၏ သွားခြင်းကဲ့သို့ခန့်ညား၏။
၁၁။ ရွှေဟင်္သာမင်း၏ သွားခြင်းကဲ့သို့ အထူးတင့်တယ်၏။
၁၂။ နွားမင်း ဥဿဘကဲ့သို့ စံပါယ်သော အသွားမျိုးဖြစ်၏။
၁၃။ လက်ျာရစ် လည်သွားခြင်းရှိ၏။
၁၄။ ပုဆစ်တော်ကား အဖုအဆစ်မထင် ထက်ဝန်းကျင်လုံးဝန်းလျက်ရှိ၏။
၁၅။ ယောက်ျားနိမိတ်မှာ ပြည့်စုံလျက်ရှိ၏။
၁၆။ ချက်တော်မှာ အပေါက်အကွဲ မရှိ။
၁၇။ ပုလဲခွက်ကဲ့သို့ နက်၏။
၁၈။ လက်ျာရစ်ဘွေလှည့်၍ ရှုကြည့်ချင်စဖွယ် တင့်တယ်၏။
၁၉။ ပေါင် လက်ရုံးတော်မှာကား ဆင်နှာမောင်းကဲ့သို့ သွယ်ပြောင်းချောပြေ၏။
၂၀။ ကိုယ်တော်ကား ထက်အောက်နံလျား တိုင်း၍ထားသကဲ့သို့ တသားတည်းညီညွတ်၏။
၂၁။ အစဉ်အတိုင်းချောပြေညီညွတ်၏။
၂၂။ ထက်ဝန်းကျင်မှ ပြေပြစ်ချောမွေ့၏။
၂၃။ မရှိုက်မမောက် ညီညာ၏။
၂၄။ အတွန့် အလိမ် မရှိ။
၂၅။ ဝက်ခြံ၊ မှဲ့ချေး၊ တင်းတိတ်၊ ပွေး စသည်မှ ကင်း၏။
၂၆။ အစဉ်အတိုင်း ပြိုးပြိုးပြက် အရောင်ရှိ၏။
၂၇။ လှော်ဦးသစ် ရွှေအသွင် စင်ကြယ်လှ၏။
၂၈။ ဘုရားရှင်သည် အာဠာဝက်ဆင်မျိုး ကုဋေတထောင်အားကို ဆောင်တော်မူ၏။
၂၉။ နှာခေါင်းတော်ကား ရွှေချွန်းအသွင် တိုးတက်ပေါ်လွင်လျက် ရှိ၏။
၃၀။ သွားဖုံးတော်အစုံကား ကောင်းစွာ နီးမြန်း၏။
၃၁။ သွားတော်မှာကား ဖြူဖွေး စင်ကြင်၏။
၃၂။ သိမ်မွေ့ ပြေပြစ်၏။
၃၃။ ဣန္ဒြေများကအလွန်စင်ကြယ်၏။
၃၄။ စွယ်တော်ကား လုံးဝန်းလျက်ရှိ၏။
၃၅။ နှုတ်ခမ်းတော်ကား နီမြန်းလျက်ရှိ၏။
၃၆။ ခံတွင်းတော်ကား ရှည်လျား၏။
၃၇။ လက်တော်အရေး လက္ခဏာတော်များမှာ နက်၏။
၃၈။ ရှည်၏။
၃၉။ ဖြောင့်၏။
၄၀။ နှစ်လိုဖွယ် ပုံသဏ္ဍာန်ရှိ၏။
၄၁။ ကိုယ်တော်အရောင်ကား ဝန်းဝိုင်းညီညာ၏။
၄၂။ ပါးစောင်တော်ကား ပြည့်ဖြိုးလှပ၏။
၄၃။ မျက်လုံးတော်ကား ရှည်လျက် ကျယ်ပြန့်၏။
၄၄။ ဝါ၊ ရွှေ၊ ဖြူ၊ နီ၊ နက် ဟူသော ငါးပါးအဆင်းဖြင့် ကြည်လင်၏။
၄၅။ မျက်တောင်တော်ကား ညီညာစွာ ကော့ညွတ်လျက်ရှိ၏။
၄၆။ လျှာတော်ကားနူးညံ့ပါးလျှပ်၍ နီမြန်း၏။
၄၇။ နားတော်ကား ရှည်လည်းရှည်လျက် နှစ်လိုဖွယ်ရှိ၏။
၄၈။ ဦးခေါင်းတော်ကား အဖုအထစ်မရှိ ပကတိချောမွေ့လှ၏။
၄၉။ အရှုပ်အယှက်မရှိ ။
၅၀။ ထီးဝန်းသဖွယ် လုံးဝိုင်းတင့်တယ်၏။
၅၁။ နဖူးတော်ကား ရှည်ပြန့်ညီညာ တင့်တယ်၏။
၅၂။ မျက်ခုံးတော်ကား တင့်တယ်ကောင်းမွန်သော ပုံသဏ္ဌာန်ရှိ၏။
၅၃။ သိမ်မွေ့သော မွေးညင်းတို့ကို ဆောင်လျက်ရှိ၏။
၅၄။ အစဉ်အတိုင်း သွယ်ညွတ်လျက်ရှိ၏။
၅၅။ ကျယ်ပြန့်၏။
၅၆။ ရှည်လျား၏။
၅၇။ ကိုယ်တော်ကား သိမ်မွေ့နူးညံ့၏။
၅၈။ အလွန်ငြိမ်းချမ်း၏။
၅၉။ အညစ်အကြေး ကင်း၏။
၆၀။ အလွန် ထွန်းပ၏။
၆၁။ စေးပြစ်ခြင်း မရှိ။
၆၂။ သိမ့်မွေ့ပြေပြစ်၏။
၆၃။ ကောင်းသော်အနံ့ ရှိ၏။
၆၄။ မွေးတွင်းချင်းစီ၍ အညီအညွတ်ပေါက်လျက်ရှိ၏။
၆၅။ နူးညံ့စိုပျို စိမ်းညိုသိမ်မွေ့၏။
၆၆။ လက်ျာရစ် လည်လျက်ရှိ၏။
၆၇။ ပေါက်ကွဲသောမျက်စဉ်းတောင် အသရေကဲ့သို့ စိမ်းလွင်ညိုမှောင်လျက်ရှိ၏။
၆၈။ ကောက်ကွေ့လိမ်တွန့်ခြင်းကင်း သန့်ရှင်းပြေပြစ်၏။
၆၉။ ကိုယ်တော်မှာ အလွန် သိမ်မွေ့သော ထွက်သက်၊ ဝင်သက်ကို ဆောင်လျက်ရှိ၏။
ရ၀။ ခံတွင်းတော်ကား မွှေးကြိုင်၏။
၇၁။ ဦးထိပ်တော်လည်း မွှေးကြိုင်၏။
၇၂။ ဆံတော်ကားကောင်းစွာ မည်းနက်၏။
၇၃။ လက်ျာရစ်လည်၏။
၇၄။ ကောင်းသော ပုံသဏ္ဌာန်ရှိ၏။
၇၅။ ကောက်ကွေ့တွန့်လိမ်ခြင်းကင်း သန့်ရှင်းပြေပြစ်၏။
၇၆။ နူးညံ့ သိမ်မွေ့၏။
၇၇။ ရှုပ်ထွေးခြင်း မရှိ။
၇၈။ ညီညီညာညာ ရှိ၏။
၇၉။ စေးပြစ်ခြင်း မရှိ စိုပြေလှ၏။
၈၀။ ဦးထိပ်တော်၌ ကေတုမာလာ အရောင် ရတနာဖြင့် ဆန်းကြယ်လျက်ရှိ၏။
(အရှင်ဝါသေဋ္ဌာဘိဝံသ သပြေကန် ပရိတ်ကြီးနိဿယမှ ဖြစ်၏။)