သောဘဏသာဓာရဏစေတသိက် (၁၉) ပါး

၁။ သဒ္ဓါ - ရတနာသုံးပါးကို ကြည်ညိုခြင်း၊ ကံ - ကံ၏အကျိုးကို ယုံကြည်ခြင်း၊
၂။ သတိ - ကုသိုလ်အစု၌ မမေ့မေ​လျော့သော အောက်မေ့ခြင်း လက္ခဏာ၊
၃။ ဟီရိ - အယုတ်တရား၌ စက်ဆုပ်ရွံရှာခြင်း လက္ခဏာ၊
၄။ ဩတ္တပ္ပ - မကောင်းမှု၌ ကြောက်လန့်ခြင်း လက္ခဏာ၊
၅။ အလောဘ - ကာမဂုဏ်အာရုံ၌ စိတ်၏ မက်မောတွယ်တာမှု မရှိခြင်း၊
၆။ အဒေါသ - ဆန့်ကျင် မုန်းတီး ကြမ်းတမ်း ခက်ထန်မှု မရှိခြင်း၊
၇။ တတြမဇ္ဈတ္တတာ - ချစ် မုန်းမပါ ညီမျှစွာ ဆောင်ခြင်းလက္ခဏာ၊
၈။ ကာယပဿဒ္ဓိ - ကိုယ်ခန္ဓာ၌ ကိလေသာ အပူတို့၏ ငြိမ်းအေးခြင်း၊
၉။ စိတ္တပဿဒ္ဓိ - စိတ်၌ ကိလေသာ အပူတို့၏ ငြိမ်းအေးခြင်း လက္ခဏာ၊
၁၀။ ကာယလဟုတာ - ကိုယ်ခန္ဓာ၌ ကိလေသာ ဝန်ထုပ်မှ ပေါ့ပါးခြင်း၊
၁၁။ စိတ္တလဟုတာ - စိတ်၌ ကိလေသာ ဝန်ထုပ်မှ ပေါ့ပါးခြင်း၊
၁၂။ ကာလမုဒုတာ - ကိုယ်ခန္ဓာ၌ ကိလေသာ ခက်ထန်ခြင်းတို့မှ ကင်းငြိမ်းနူးညံ့ခြင်း လက္ခဏာ၊
၁၃။ စိတ္တမုဒုတာ - စိတ်၌ ကိလေသာ ခက်ထန်ခြင်းတို့မှ ကင်းငြိမ်းနူးညံ့ခြင်း လက္ခဏာ၊
၁၄။ ကာမကမ္မညတာ - ကုသိုလ်အလုပ်၌ ကိုယ်ခန္ဓာ၏ ခံ့ညားထည်ဝါ ငြိမ်းချမ်းခြင်းအသွင်ကို ဆောင်ခြင်း လက္ခဏာ၊
၁၅။ စိတ္တကမ္မညတာ - ကုသိုလ်အလုပ်၌ စိတ်၏ ခံ့ညားထည်ဝါ ငြိမ်းချမ်းခြင်းအသွင်ကို ဆောင်ခြင်း လက္ခဏာ၊
၁၆။ ကာယပါဂုညတာ - ကုသိုလ်တရား၌ ကိုယ်ခန္ဓာ၏ ငြိမ်းချမ်းစွာ လေ့လာခြင်း လက္ခဏာ၊
၁၇။ စိတ္တပါဂုညတာ - ကုသိုလ်တရား၌ စိတ်၏ ငြိမ်းချမ်းစွာ လေ့လာခြင်း လက္ခဏာ၊
၁၈။ ကာယုဇုကတာ - ကိုယ်ခန္ဓာ၌ နိဗ္ဗာန ဓာတ်စခန်းကိုသာ ဖြောင့်မတ်တန်းတန်း လမ်းလွဲမပါသော လက္ခဏာ၊
၁၉။ စိတ္တုဇုကတာ - စိတ်၌ နိဗ္ဗာန ဓာတ်စခန်းကိုသာ ဖြောင့်မတ်တန်းတန်း လမ်းလွဲမပါသော လက္ခဏာ။