ဝိဇ္ဇာအတတ် (၁၈) ရပ်

၁။ မန္တန် မန်းမှုတ်နည်း ကပ္ပကျမ်းအတတ်၊
၂။ အသံနေ အသံထား သဒ္ဒါပုဒ်ပါဌ်တို့ကို ပြရာ ဗျာကရဏကျမ်းအတတ်၊
၃။ ဂြိုဟ်နက္ခတ်တို့၏ ဇောတိသက္ထကျမ်းအတတ်၊
၄။ ဗျည်း သရနှင့် ဌာန်ကရိုဏ်း ပယတ်တို့ကို ပြဆိုရာ သိက္ခာကျမ်းအတတ်၊
၅။ သဒ္ဒါတွင် ဝဏ္ဏလာပုံ ပစ္စည်းသက်ရောက်ပုံ ဝိဂြိုဟ်လုပ်ပုံတို့ကို ပြဆိုရာ နိရုတ္တိကျမ်းအတတ်၊
၆။ ဂါထာဗန္ဓတို့ကို ဖွဲ့ဆိုရာ ဆန္ဒောဝိစိတိဆန်းကျမ်းအတတ်၊
၇။ သာမမည်သော ဗေဒင်ကျမ်းအတတ်၊
၈။ ယဇုမည်သော ဗေဒင်ကျမ်းအတတ်၊
၉။ ဣရုမည်သော ဗေဒင်ကျမ်းအတတ်၊
၁၀။ အာထဗ္ဗဏ ဗေဒင်ကျမ်းအတတ်၊
၁၁။ ကံတရားတို့၏ အကြောင်းအရာ ဗြဟ္မာတို့၏ အကြောင်းအရာတို့ကို ပြသည့် ဝီမံသာကျမ်းအတတ်၊
၁၂။ တက်ကျမ်းအမျိုးမျိုးတို့ကို ပြဆိုသော နျာယကျမ်းအတတ်၊
၁၃။ တရားဥပဒေတို့ကို ပြဆိုရာ ဓမ္မသတ္တကျမ်းအတတ်၊
၁၄။ ရှေးဟောင်းအတတ်ပညာ အကြောင်းအရာ စကားတို့ကို ပြဆိုရာ ပုရာဏကျမ်းအတတ်၊
၁၅။ အာယုဗေဒဆေးကျမ်းအတတ်၊
၁၆။ မန္တန်ဖြင့် မန်းမှုတ်ပစ်ခတ်အပ်သော ဓနုဗ္ဗေဒ လေးပစ်အတတ်၊
၁၇။ တီးမှုတ်သီဆို ကခုန်ရာဖြစ်သော ဂန္ဓဗ္ဗအတတ်၊
၁၈။ စကားရည်စစ်ထိုးပွဲနှင့် ယဉ်ကျေးစွာ ပြောဆိုနည်းတို့ကို ပြသည့် အတ္တသတကျမ်းအတတ်။